Local Industry



အခွန်လွတ်ကားပါမစ်အပေါ် ကိုရန်မျိုးအောင်၏အမြင်

အခွန်လွတ်ကားပါမစ်အပေါ် ကိုရန်မျိုးအောင်၏အမြင် Yan Myo Aung (Facebook)

ကျနော်နဲ့ဝန်ထမ်းအခွန်လွတ်ကားပါမစ်

 

ကျနော်ဒီပွဲကိုဝင်မပါချင်လို့ထိုင်ကြည့်နေခဲ့တာ အခုတော့ဝင်ပါမှရတော့မယ်၊ ကျနော်ရောင်းနေတဲ့ Car Brand ကနိုင်ငံခြားရင်းနှီးမြုတ်နှံမှုတွေပြုလုပ်ထားတာ မင်းတို့နိုင်ငံကဒီလိုပဲလားဆိုပြီး မေးလာပြီ၊ ငါတို့မင်းတို့နိုင်ငံမှာဆက်ပြီးရင်းနှီးမြုတ်နှံရဦးမှာလား ပြန်ရမှာလားတဲ့၊ သူတို့နိုင်ငံမှာဆို ရင်းနှီးမြုတ်နှ့သူတေကို ကျားကန်ပေးတာတဲ့အစိုးရက၊ ဒီမှာတော့ တလွဲတွေတဲ့...ကဲလာချင်ဦးတော့ ကားစက်ရုံကြီးတွေရေ.. ကိုယ်တေလဲပြောစရာရှိတာပြောတော့မယ်..


နိုင်ငံခြားက ၃၀မီလီယံလောက် Invest လုပ်ထားတဲ့ကုမ္ပဏီကြီးတွေကားမရောင်းရရင်ပိတ်သွားမယ်၊ ပိတ်ပြီးရင်တော့ပြန်ကြမှာပေါ့၊


နောက်ထပ်လာမယ့်ကားစက်ရုံတွေလဲနောက်တွန့်သွားမှာပဲ၊ ပေါ်လစီမှမငြိမ်တာဖြစ်ပါ့မလားတွေးကြမှာပဲ..


ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ကားဈေးတွေအဆမတန်ကျသွားရင် အရင်းပြုတ်ပြီး ရှိုးဝန်းတွေပိတ်သွားမယ်၊ ရှေ့မှာလဲဖြစ်ခဲ့ဘူးတယ်၊


ဝယ်ရောင်းတွေ တစ်နိုင်တစ်ပိုင်ကားသမားတွေလဲဒီအတိုင်းပဲ


ဥပမာ-ခင်ဗျားစီးနေတဲ့ကား သိန်း၂၀၀နဲ့ဝယ်ထားတယ်ဆိုပါဆို့ သိန်း၁၀၀ကျသွားရင် ခင်ဗျားစိတ်ထဲကောင်းပါ့မလား၊ ကျနော်မေးတာရှင်းရှင်းလေး ဖြေပါရဲရဲဝံ့ဝံ့၊ စိတ်တော့ဘယ်ကောင်းမလဲ ဟုတ်ပီနော်၊


နောက်ဆုံးတိုင်းပြည်က အခွန်တွေဘီလီယံနဲ့ချီပြီးနစ်နာသွားမယ်၊ အခုပါမစ်ရမည့်ဝန်ထမ်းတွေကတော့ပျော်ကြမယ်၊ ဒါပေမဲ့နောက်လာမယ့်နှစ်တွေကျရင် ကားပါမစ်မရတဲ့ဝန်ထမ်းတွေအများကြီးကျန်ဦးမယ်၊ သူတို့ကလဲ ငါတို့နှစ်ကျမရပါလားတို့မေးပြီးဖီးဖစ်ကျရမယ်၊ အရင်ပင်စင်သွားကြတဲ့လူတေကလဲ ငါ့တို့ကျမရခဲ့ဘူးတို့ပြောနေကြသံတွေကသနားစရာ၊


ပြည်သူကလဲ ဘယ်မှာလဲ ပြည်သူနဲ့တန်းတူလို့မေးမှာပဲ ငါကျအခွန်တေဆောင်ရတယ် သူ့တို့ကျမဆောင်ရဘူးတို့...


အရင်ခေတ်ကလို ကားပါမစ်မှောင်ခိုဈေးကွက်ပြန်ဖြစ်လာမယ်၊ အဲ့ဒီကျရင် မထူးပါဘူး ဒီအစိုးရလဲ ဒီလိုလုပ်တာပဲပြောခံရမယ်၊


အဲ့တော့သေချာလေးပြန်စဉ်းစားကြည့်စေချင်တယ်၊ မသိရင်မေးပါ၊ တိုင်ပင်ပါ၊ ဆွေးနွေးလို့ရပါတယ်လူကြီးမင်းတို့၊


Zawgyi























 


Credit; Yan Myo Aung (Facebook)

Read times
Rate this item
(2 votes)