Local Industry



ပြည်တွင်းကားထုတ်လုပ်မှုနဲ့ ရောင်းအားပိုမိုမြင့်တက်လာခဲ့တဲ့ ၂၀၁၉ခုနှစ်

မြန်မာနိုင်ငံကားထုတ်လုပ်မှုသည် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ခုနှစ်ကို နှိုင်းယှဉ်ကြည့်ပါက ၂၀၁၉ခုနှစ်တွင် ၃ ဆခန့်မြင့်တက်လာကြောင်း Asean Automotive Federation ၏ဖော်ပြမှုအရသိရသည်။

အဆိုပါနှိုင်းယှဉ်မှုသည် ၂၀၁၈ခုနှစ် ဇန်နဝါရီလ မှ နိုဝင်ဘာ လအထိကို ၂၀၁၉ခုနှစ်၏ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ နှိုင်းယှဉ်ဖော်ပြထား မှုဖြစ်သည်။

၂၀၁၉ခုနှစ်၏ ဖော်ပြပါကာလအတွင်း Semi Knock-Down (SKD) ဖြင့်ထုတ်လုပ်မှုကနေ ကားအစီးရေ ၁၄,၀၄၂ အထိထုတ်လုပ်ထားနိုင်ခဲ့ပြီး ၂၀၁၈ခုနှစ်တွင်မူ ၁၀,၈၆၃ အထိသာထုတ်လုပ်နိုင်ခဲ့သည်။ ထို့ကြောင့် တိတိပပ ပြောပါက ၂၉.၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ခြင်းဟု ဆိုနိုင်မည်ဖြစ်သည်။


ထို့အတူ ကားရောင်းချမှုတွင်လည်း ၂၀၁၉ခုနှစ်ကို ၂၀၁၈ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်း (၄ပုံတစ်ပုံ) အထိမြင့်တက် လာကြောင်းတွေ့ရသည်။ ၂၀၁၈ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိကို ကားအစီးရေ ၁၅,၃၆၅ အထိရောင်းချနိုင်ခဲ့ပြီး ၂၀၁၉ခုနှစ်တွင်မူ အစီးရေပေါင်း ၁၉,၂၇၄ အထိရောင်းချနိုင်ခဲ့သည်။

 


လက်ရှိပြည်တွင်းတွင် SKD ဖြင့်ကားထုတ်လုပ်သော ကုမ္ပဏီပေါင်း ၂၀ နီးပါးအထိရှိနေပြီး ယင်းတို့တွင် တရုတ်အမှတ်တံ ဆိပ်အများစုသည် ၂၀၁၉ခုနှစ်တွင် ပိုမိုဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ၂၀၁၈ခုနှစ်ရောင်းအားတွင် ထိပ်ဆုံးမှရပ် တည်ခဲ့သည့် Suzuki အမှတ်တံဆိပ်သာ ၂၀၁၉ခုနှစ်ဈေးကွက်တွင်လည်း ရောင်းအားအကောင်းဆုံးဖြစ်ဖွယ်ရှိကြောင်း ကားလောကနှင့်နီးစပ်သော အသိုင်းအဝိုင်းများ၏ဖော်ပြမှုအရသိရသည်။


၂၀၁၉ခုနှစ်အကုန်ပိုင်းတွင်ထုတ်ပြန်ခဲ့သည့် ၂၀၂၀ကားတင်သွင်းခွင့်မူဝါဒတွင် ဘယ်မောင်းအများစုကိုသာတင်သွင်းခွင့်ပေး ထားခဲ့ပြီး ရောက်ရှိခုနှစ်နှင့်နီးစပ်သော မော်ဒယ်ရီးယားကားများကိုသာတင်သွင်းခွင့်ပေးထားခဲ့သည်။ တစ်ဦးချင်းပါမစ်ဖြင့် တင်သွင်းခွင့်အတွက် ၁၃၅၀ စီစီကားများကို ၂၀၁၈မော်ဒယ်မှစတင်ပြီး တင်သွင်းရမည်ဖြစ်သည်။ ခရီးသည်တင်ကားများနှင့် လုပ်ငန်းသုံးအတွက်မော်ဒယ်ရီးယားသတ်မှတ်ချက်မှာ ၂၀၁၆နှင့်အထက်ဖြစ်သည်။

 

{Zawgyi}

=======

ျပည္တြင္းကားထုတ္လုပ္မႈနဲ႔ ေရာင္းအားပိုမိုျမင့္တက္လာခဲ့တဲ့ ၂၀၁၉ခုႏွစ္

 

ျမန္မာႏိုင္ငံကားထုတ္လုပ္မႈသည္ ၂၀၁၈ ခုႏွစ္ႏွင့္ ၂၀၁၉ခုႏွစ္ကို ႏႈိင္းယွဥ္ၾကည့္ပါက ၂၀၁၉ခုႏွစ္တြင္ ၃ ဆခန႔္ျမင့္တက္လာေၾကာင္း Asean Automotive Federation ၏ေဖာ္ျပမႈအရသိရသည္။ အဆိုပါႏႈိင္းယွဥ္မႈသည္ ၂၀၁၈ခုႏွစ္ ဇန္နဝါရီလ မွ ႏိုဝင္ဘာ လအထိကို ၂၀၁၉ခုႏွစ္၏ ဇန္နဝါရီလမွ ႏိုဝင္ဘာလအထိ ႏႈိင္းယွဥ္ေဖာ္ျပထား မႈျဖစ္သည္။

 

၂၀၁၉ခုႏွစ္၏ ေဖာ္ျပပါကာလအတြင္း Semi Knock-Down (SKD) ျဖင့္ထုတ္လုပ္မႈကေန ကားအစီးေရ ၁၄,၀၄၂ အထိထုတ္လုပ္ထားႏိုင္ခဲ့ၿပီး ၂၀၁၈ခုႏွစ္တြင္မူ ၁၀,၈၆၃ အထိသာထုတ္လုပ္ႏိုင္ခဲ့သည္။ ထို႔ေၾကာင့္ တိတိပပ ေျပာပါက ၂၉.၃ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာခဲ့ျခင္းဟု ဆိုႏိုင္မည္ျဖစ္သည္။


ထို႔အတူ ကားေရာင္းခ်မႈတြင္လည္း ၂၀၁၉ခုႏွစ္ကို ၂၀၁၈ခုႏွစ္ႏွင့္ ႏႈိင္းယွဥ္ပါက ၂၅ ရာခိုင္ႏႈန္း (၄ပုံတစ္ပုံ) အထိျမင့္တက္ လာေၾကာင္းေတြ႕ရသည္။ ၂၀၁၈ခုႏွစ္ ဇန္နဝါရီလမွ ႏိုဝင္ဘာလအထိကို ကားအစီးေရ ၁၅,၃၆၅ အထိေရာင္းခ်ႏိုင္ခဲ့ၿပီး ၂၀၁၉ခုႏွစ္တြင္မူ အစီးေရေပါင္း ၁၉,၂၇၄ အထိေရာင္းခ်ႏိုင္ခဲ့သည္။

 


လက္ရွိျပည္တြင္းတြင္ SKD ျဖင့္ကားထုတ္လုပ္ေသာ ကုမၸဏီေပါင္း ၂၀ နီးပါးအထိရွိေနၿပီး ယင္းတို႔တြင္ တ႐ုတ္အမွတ္တံ ဆိပ္အမ်ားစုသည္ ၂၀၁၉ခုႏွစ္တြင္ ပိုမိုဝင္ေရာက္လာျခင္းျဖစ္ေၾကာင္း၊ ၂၀၁၈ခုႏွစ္ေရာင္းအားတြင္ ထိပ္ဆုံးမွရပ္ တည္ခဲ့သည့္ Suzuki အမွတ္တံဆိပ္သာ ၂၀၁၉ခုႏွစ္ေဈးကြက္တြင္လည္း ေရာင္းအားအေကာင္းဆုံးျဖစ္ဖြယ္ရွိေၾကာင္း ကားေလာကႏွင့္နီးစပ္ေသာ အသိုင္းအဝိုင္းမ်ား၏ေဖာ္ျပမႈအရသိရသည္။


၂၀၁၉ခုႏွစ္အကုန္ပိုင္းတြင္ထုတ္ျပန္ခဲ့သည့္ ၂၀၂၀ကားတင္သြင္းခြင့္မူဝါဒတြင္ ဘယ္ေမာင္းအမ်ားစုကိုသာတင္သြင္းခြင့္ေပး ထားခဲ့ၿပီး ေရာက္ရွိခုႏွစ္ႏွင့္နီးစပ္ေသာ ေမာ္ဒယ္ရီးယားကားမ်ားကိုသာတင္သြင္းခြင့္ေပးထားခဲ့သည္။ တစ္ဦးခ်င္းပါမစ္ျဖင့္ တင္သြင္းခြင့္အတြက္ ၁၃၅၀ စီစီကားမ်ားကို ၂၀၁၈ေမာ္ဒယ္မွစတင္ၿပီး တင္သြင္းရမည္ျဖစ္သည္။ ခရီးသည္တင္ကားမ်ားႏွင့္ လုပ္ငန္းသုံးအတြက္ေမာ္ဒယ္ရီးယားသတ္မွတ္ခ်က္မွာ ၂၀၁၆ႏွင့္အထက္ျဖစ္သည္။

Read times
Rate this item
(2 votes)