Local Industry



YBS ယာဉ်များကို စံနှုန်းတစ်ခုသတ်မှတ်ပြီး စံနှုန်းမမီသည့် ကားများကို ခွင့်ပြုတော့မည်မဟုတ်

YBS ယာဉ်များကို စံနှုန်းတစ်ခုသတ်မှတ်ပြီး စံနှုန်းမမီသည့် ကားများကို ခွင့်ပြုတော့မည်မဟုတ် google

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင်ပြေးဆွဲနေသော YBS ယာဉ်များကို စံနှုန်းတစ်ခုသတ်မှတ်ပြီး စံနှုန်း မမီသည့် ကားများကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

 

"သုံးနှစ်အချိန်ပေးခဲ့တယ်။ အခု လာမယ့် ဇန်နဝါရီ ၁၆ ရက်မှာ ဒီကုမ္ပဏီတွေကို Review လုပ်ရပါ မယ်။ ပြည်သူကို ဝန်ဆောင်မှုမပေးနိုင် တဲ့ ကားတွေနဲ့ပဲ ပြေးဆွဲနေမယ် ဆိုရင်တော့ ဒီအခြေအနေတွေကို လက်မခံနိုင်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ ကုမ္ပဏီတွေထဲမှာ ပြောကြ တာတွေရှိပါတယ်။ ကျွန်တော်တို့ ကတော့ ကားသစ်ကြီးတွေနဲ့ စရိတ် အများကြီးထည့်ပြီး အရင်းတန်ဖိုး ကြီးကြီးနဲ့ ပြေးဆွဲနေရပြီးတော့ အရင်း တန်ဖိုးနည်းနည်းနဲ့ ပြေးဆွဲတဲ့သူက လည်း ဒီအမြတ်အစွန်းမျိုးရနေတယ် ဆိုရင်တော့ မမျှတဘူးဆိုတဲ့ အခြေ အနေတစ်ခု ရှိပါတယ်။ ဒီ Standard ထဲကို ဝင်နိုင်ရင် Yangon Transport မှာ ဆက်လက် ရပ်တည်လို့ရပါတယ်။ မဝင်နိုင်ဘူးဆိုရင်တော့ နယ်တွေရှိ ပါသေးတယ်။ ရန်ကုန်မြို့တော်ကြီး မဟုတ်တဲ့ အခြားနေရာတွေမှာ သွား ပြေးဆွဲလို့ရပါတယ်"ဟု ဦးဖြိုးမင်းသိန်း က ပြောသည်။


ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် YBS စီးနင်းသည့် ခရီးသွားပြည်သူများကို ဝန်ဆောင်မှုအကောင်းဆုံးပေးနိုင်ရန်အတွက် YBS ဘတ်စ်ကားများကို ကုမ္ပဏီစနစ် ဆောင်ရွက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


လက်ရှိ အစိုးရသစ်လက်ထက်တွင် မထသစနစ်ကို ရပ်စဲပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှစ၍ YBS စနစ်ကို ပြောင်းလဲခဲ့သည်။ လက်ရှိအချိန်တွင် လမ်းကြောင်းပေါင်း ၁၃၅ လမ်းကြောင်း မှ ယာဉ်လိုင်းနံပါတ်ဖြင့် ယာဉ် လိုင်းပေါင်း ၁၀၀ ရှိသည့်အပြင် Airport Shuttle Bus၊ City Transit တို့လည်းရှိကာ တစ်နေ့လျှင် စုစုပေါင်း ယာဉ်အစီးရေ ၄၅၀၀ ခန့် ပြေးဆွဲနေပြီး ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကို သယ်ယူပို့ဆောင်ပေးကြောင်း သိရ သည်။


Zawgyi


YBS ယာဥ္မ်ားကို စံႏႈန္းတစ္ခုသတ္မွတ္ၿပီး စံႏႈန္းမမီသည့္ ကားမ်ားကို ခြင့္ျပဳေတာ့မည္မဟုတ္


ရန္ကုန္တိုင္းေဒသႀကီးအတြင္း ခရီးသည္တင္ေျပးဆြဲေနေသာ YBS ယာဥ္မ်ားကို စံႏႈန္းတစ္ခုသတ္မွတ္ၿပီး စံႏႈန္း မမီသည့္ ကားမ်ားကို ခြင့္ျပဳေတာ့မည္မဟုတ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာသည္။


"သုံးႏွစ္အခ်ိန္ေပးခဲ့တယ္။ အခု လာမယ့္ ဇန္နဝါရီ ၁၆ ရက္မွာ ဒီကုမၸဏီေတြကို Review လုပ္ရပါ မယ္။ ျပည္သူကို ၀န္ေဆာင္မႈမေပးႏိုင္ တဲ့ ကားေတြနဲ႔ပဲ ေျပးဆြဲေနမယ္ ဆိုရင္ေတာ့ ဒီအေျခအေနေတြကို လက္မခံႏိုင္ပါဘူး။ ဘာေၾကာင့္လည္း ဆိုေတာ့ ကုမၸဏီေတြထဲမွာ ေျပာၾက တာေတြရွိပါတယ္။ ကြၽန္ေတာ္တို႔ ကေတာ့ ကားသစ္ႀကီးေတြနဲ႔ စရိတ္ အမ်ားႀကီးထည့္ၿပီး အရင္းတန္ဖိုး ႀကီးႀကီးနဲ႔ ေျပးဆြဲေနရၿပီးေတာ့ အရင္း တန္ဖိုးနည္းနည္းနဲ႔ ေျပးဆြဲတဲ့သူက လည္း ဒီအျမတ္အစြန္းမ်ိဳးရေနတယ္ ဆိုရင္ေတာ့ မမွ်တဘူးဆိုတဲ့ အေျခ အေနတစ္ခု ရွိပါတယ္။ ဒီ Standard ထဲကို ဝင္ႏိုင္ရင္ Yangon Transport မွာ ဆက္လက္ ရပ္တည္လို႔ရပါတယ္။ မ၀င္ႏိုင္ဘူးဆိုရင္ေတာ့ နယ္ေတြရွိ ပါေသးတယ္။ ရန္ကုန္ၿမိဳ႕ေတာ္ႀကီး မဟုတ္တဲ့ အျခားေနရာေတြမွာ သြား ေျပးဆြဲလို႔ရပါတယ္"ဟု ဦးၿဖိဳးမင္းသိန္း က ေျပာသည္။


ထို႔ေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕အေနျဖင့္ YBS စီးနင္းသည့္ ခရီးသြားျပည္သူမ်ားကို ၀န္ေဆာင္မႈအေကာင္းဆုံးေပးႏိုင္ရန္အတြက္ YBS ဘတ္စ္ကားမ်ားကို ကုမၸဏီစနစ္ ေဆာင္႐ြက္ရန္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
လက္ရွိ အစိုးရသစ္လက္ထက္တြင္ မထသစနစ္ကို ရပ္စဲၿပီး ၂၀၁၇ ခုႏွစ္ ဇန္နဝါရီ ၁၆ ရက္မွစ၍ YBS စနစ္ကို ေျပာင္းလဲခဲ့သည္။ လက္ရွိအခ်ိန္တြင္ လမ္းေၾကာင္းေပါင္း ၁၃၅ လမ္းေၾကာင္း မွ ယာဥ္လိုင္းနံပါတ္ျဖင့္ ယာဥ္ လိုင္းေပါင္း ၁၀၀ ရွိသည့္အျပင္ Airport Shuttle Bus၊ City Transit တို႔လည္းရွိကာ တစ္ေန႔လွ်င္ စုစုေပါင္း ယာဥ္အစီးေရ ၄၅၀၀ ခန႔္ ေျပးဆြဲေနၿပီး ခရီးသြားျပည္သူ ၁ ဒသမ ၈ သန္းကို သယ္ယူပို႔ေဆာင္ေပးေၾကာင္း သိရ သည္။

 


Source; ေၾကးမံု

Read times
Rate this item
(1 Vote)