Local Industry



မြို့ပတ်ရထားလမ်းပိုင်းရှိ ကားလမ်းနှင့် ရထားလမ်းဆုံနေရာ လေးခုကို အဆင့်မြှင့်တင်မည်ဟုကြေငြာ

မြို့ပတ်ရထားလမ်းပိုင်းရှိ ကားလမ်းနှင့် ရထားလမ်းဆုံနေရာ လေးခုကို အဆင့်မြှင့်တင်မည်ဟုကြေငြာ google

မြို့ပတ်ရထားလမ်းပိုင်း ရိ ကားလမ်းနင့် ရထားလမ်းဆုံရာ နေရာ (Level Crossing) လေးခု ကို အဆင့်မြင့်တင်မည်ဖြစ်၍ ယာဉ်များ သတိပြုမောင်းနင်ရန် မြန်မာ့မီးရထားက အသိပေးကြေ ညာသည်။

 

အဆင့်မြင့်တင်မည့် ကားလမ်းနင့် ရထားလမ်းဆုံနေ ရာများသည် မရမ်းကုန်းမြို့နယ်ရိ သမိုင်းမြို့သစ် ဘူတာကားလမ်း ကူး၊ ကမာရွတ်မြို့နယ် လည်းတန်း နင့် ကမာရွတ်ဘူတာအကြားရိ ရွာမကွေ့ ကားလမ်းကူး၊ လိုင်မြို့ နယ် ပါရမီကားလမ်းကူးနင့် ဘူ တာရုံလမ်း ကားလမ်းကူးတို့ ဖြစ် သည်။

 

သမိုင်းမြို့သစ်ဘူတာ ကား နင့် ရထားလမ်းဆုံနေရာကို ဒီဇင် ဘာ ၂၄ ရက်မ ၃၁ ရက်အထိ အ ဆင့်မြင့်တင်မည်ဖြစ်ပြီး စီမံကိန်း ဆောင်ရွက်နေစဉ်ကာလအတွင်း ယင်းနေရာကို ပိတ်ထားမည်ဖြစ်၍ ယာဉ်များအနေဖြင့် ဘုရင့်နောင်လမ်းမတစ်ဆင့် ပါရမီလမ်းနင့် ဆေးဝါးစက်ရုံလမ်းတို့မ အသုံး ပြုသွားလာရန် ကြေညာထားသည်။

 

ည်းတန်းနင့် ကမာရွတ်ဘူ တာအကြားရိ ရွာမကွေ့ လမ်းဆုံ နေရာကို ဇန်နဝါရီ ၁ ရက်မ ၂၁ ရက်အထိ ကားလမ်းတစ်ခြမ်း ပိတ်၊ တစ်ခြမ်းဖွင့်စနစ်ဖြင့်အ ဆင့်မြင့်တင်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

 

ထို့အပြင် ပါရမီကားလမ်း ကူးနေရာကို ဇန်နဝါရီ ၁၄ ရက်မ ၃၀ ရက်အထိနင့် ဘူတာရုံလမ်း ကားလမ်းကူးနေရာကို ဇန်နဝါရီ ၂၂ ရက်မ ဖေဖော်ဝါရီ ၇ ရက်အ ထိ လမ်းတစ်ခြမ်းပိတ်၊ တစ်ခြမ်း ဖွင့်စနစ်ဖြင့် အဆင့်မြင့်တင်မည် ဖြစ်၍ ယာဉ်များအန္တ ရာယ်ကင်း ရင်းရေး သတိပြုမောင်းနင်ရန် ကြေညာချက်တွင် ဖော်ပြထားသည်။

 

ရထားလမ်းနင့် ကားလမ်း ဆုံရာ နေရာများတွင် ယာဉ်များ ဖြတ်သန်းမောင်းနင်ရာ၌ သက်သောင့်သက်သာဖြစ်စေရန် အဆင့်မြင့်တင်ခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားမအကြီးတန်းအရာရိတစ်ဦးက ဆိုသည်။

 

ထိုသို့ ကားလမ်းနင့် ရထား လမ်းဆုံရာနေရာအားလုံးကို အ ပိုင်းလိုက် အဆင့်မြင့်တင်နေပြီး ကျန်နေရာများတွင် ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားက သတင်းထုတ် ပြန်ထားသည်။

 

Zawgyi

 


 

မြို့ပတ်ရထားလမ်းပိုင်း ရှိ ကားလမ်းနှင့် ရထားလမ်းဆုံရာ နေရာ (Level Crossing) လေးခု ကို အဆင့်မြှင့်တင်မည်ဖြစ်၍ ယာဉ်များ သတိပြုမောင်းနှင်ရန် မြန်မာ့မီးရထားက အသိပေးကြေ ညာသည်။

 

အဆင့်မြှင့်တင်မည့် ကားလမ်းနှင့် ရထားလမ်းဆုံနေ ရာများသည် မရမ်းကုန်းမြို့နယ်ရှိ သမိုင်းမြို့သစ် ဘူတာကားလမ်း ကူး၊ ကမာရွတ်မြို့နယ် လှည်းတန်း နှင့် ကမာရွတ်ဘူတာအကြားရှိ ရွာမကွေ့ ကားလမ်းကူး၊ လှိုင်မြို့ နယ် ပါရမီကားလမ်းကူးနှင့် ဘူ တာရုံလမ်း ကားလမ်းကူးတို့ ဖြစ် သည်။

 

သမိုင်းမြို့သစ်ဘူတာ ကား နှင့် ရထားလမ်းဆုံနေရာကို ဒီဇင် ဘာ ၂၄ ရက်မှ ၃၁ ရက်အထိ အ ဆင့်မြှင့်တင်မည်ဖြစ်ပြီး စီမံကိန်း ဆောင်ရွက်နေစဉ်ကာလအတွင်း ယင်းနေရာကို ပိတ်ထားမည်ဖြစ်၍ ယာဉ်များအနေဖြင့် ဘုရင့်နောင်လမ်းမှတစ်ဆင့် ပါရမီလမ်းနှင့် ဆေးဝါးစက်ရုံလမ်းတို့မှ အသုံး ပြုသွားလာရန် ကြေညာထားသည်။

 

လှည်းတန်းနှင့် ကမာရွတ်ဘူ တာအကြားရှိ ရွာမကွေ့ လမ်းဆုံ နေရာကို ဇန်နဝါရီ ၁ ရက်မှ ၂၁ ရက်အထိ ကားလမ်းတစ်ခြမ်း ပိတ်၊ တစ်ခြမ်းဖွင့်စနစ်ဖြင့်အ ဆင့်မြှင့်တင်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

 

ထို့အပြင် ပါရမီကားလမ်း ကူးနေရာကို ဇန်နဝါရီ ၁၄ ရက်မှ ၃၀ ရက်အထိနှင့် ဘူတာရုံလမ်း ကားလမ်းကူးနေရာကို ဇန်နဝါရီ ၂၂ ရက်မှ ဖေဖော်ဝါရီ ၇ ရက်အ ထိ လမ်းတစ်ခြမ်းပိတ်၊ တစ်ခြမ်း ဖွင့်စနစ်ဖြင့် အဆင့်မြှင့်တင်မည် ဖြစ်၍ ယာဉ်များအန္တ ရာယ်ကင်း ရှင်းရေး သတိပြုမောင်းနှင်ရန် ကြေညာချက်တွင် ဖော်ပြထားသည်။

 

ရထားလမ်းနှင့် ကားလမ်း ဆုံရာ နေရာများတွင် ယာဉ်များ ဖြတ်သန်းမောင်းနှင်ရာ၌ သက်သောင့်သက်သာဖြစ်စေရန် အဆင့်မြှင့်တင်ခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားမှ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

 

ထိုသို့ ကားလမ်းနှင့် ရထား လမ်းဆုံရာနေရာအားလုံးကို အ ပိုင်းလိုက် အဆင့်မြှင့်တင်နေပြီး ကျန်နေရာများတွင် ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားက သတင်းထုတ် ပြန်ထားသည်။

 

 

Myanmar Automobile Equipment Directory

Read times
Rate this item
(1 Vote)