Local Industry



ယာဉ်အိုဟောင်းအစားထိုးစနစ်ကို ၂၀၁၉ခုနှစ်အကုန်ုမှာ ဖျက်သိမ်းမည်ဆိုသည်မှာ သတင်းအဟောင်းသာဖြစ်

ယာဉ်အိုဟောင်းအစားထိုးစနစ်ကို ၂၀၁၉ခုနှစ်အကုန်ုမှာ ဖျက်သိမ်းမည်ဆိုသည်မှာ သတင်းအဟောင်းသာဖြစ် google

ယာဉ်အို၊ ယာဉ်ဟောင်းတွေကို အပ်နှံပြီးကားအသစ်တင်သွင်းတာကို ၂၀၁၉ခုနှစ်မှာဖျက်သိမ်းတော့မယ်လို့ သိရပါတယ်။

 

၂၀၁၉နှစ်ကုန်မှာတော့ ကားဟောင်းအပ်နှံတာနဲ့ တစ်ဦးချင်းတင်သွင်းတာတွေက သတ်မှတ်ထား တွေနှစ်တွေတူသွားပါမယ်။ မော်ဒယ်သတ်မှတ်ချက်လည်း တူသွားတဲ့အတွက် ဒီစနစ်ကိုဖျက်သိမ်းတာပဲဖြစ်ပါတယ်။ ၂၀၁၉နှစ်ကုန်မှာတော့ ဒီစနစ်ကိုမသုံးတော့ပဲ သက်တမ်းပြည့်သွားတဲ့ယာဉ်တွေကို သံရည်ကြိုကိုပို့မှာ ဖြစ်တယ်လို့သိရပါတယ်။ ဒါကတော့ နိုင်ငံတကာမှာကျင့်သုံးတဲ့ပုံစံအတိုင်းပါ။ ယာဉ်အိုယာဉ်ဟောင်းနှစ်ပြည့်သွားရင် ဖျက်ရတာပါ။ ဆိုပြီး ဗီဒီယိုထဲမှာဖော်ပြထားပါတယ်။

 

ဒါနဲ့ပက်သတ်ပြီး ကားလောကဝါရင့်ပုဂ္ဂိုလ်တွေကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ အဆိုပါသတင်းက သတင်းအ ဟောင်းဖြစ်ကြောင်း၊ နောက်ပြီးတာ့ သတင်းအမှားဖြစ်တယ်လို့ သုံးသပ်ပြောဆိုခဲ့ပြီး ၀ယ်ရောင်းလောကအတွက် ဂယက်ထစေရန်ရည်ရွယ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ထို့အပြင် ဖော်ပြထားသော channel ကို လူမှုကွန်ယက် တွင်ရှာဖွေရာတွင်လည်း တွေ့ရှိရခြင်းမရှိတော့ပေ။

 

ဗီဒီယိုကြည့်ရန်လင့်


https://www.facebook.com/groups/325630134765292/permalink/451153412212963/

 

 

 

Myanmar Automobile Equipment Directory

Read times
Rate this item
(0 votes)