Local Industry



လုပ်သက် (၂၅) နှစ်အထက်ဝန်ထမ်းများကို ကားသွင်းခွင့်ပေးရန်စီစဉ်

လုပ်သက် (၂၅) နှစ်အထက်ဝန်ထမ်းများကို ကားသွင်းခွင့်ပေးရန်စီစဉ် google

လုပ်သက်(၂၅)နှစ်အထက်ရှိသော အစိုးရဝန်ထမ်းများကိုအခွန်သက်သာခွင့်အချို့ဖြင့် ပြည်ပမှကားတင်သွင်းခွင့်ပြု ရန် အစိုးရက စီစဉ်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမင်းမင်းက ပြောသည်။

 

“ပြောရမှာတော့ တော်တော်စောနေပါသေးတယ်။ တိကျတဲ့ညွှန်ကြားချက်တွေ မရှိသေးပါဘူး” ဟု ဦးမင်းမင်းက ပြောသည်။

 

အစိုးရဝန်ထမ်းများကို ပြည် ပမှ ကားတင်သွင်းခွင့်ပြုရာတွင် လုပ်သက်အလိုက် စဉ်းစားခြင်း မျိုးသာမက သံရုံးကဲ့သို့ နိုင်ငံ ခြားငွေရလမ်းရှိသော အစိုးရ ဝန်ထမ်းများကိုလည်း စဉ်းစားပေး သင့်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန် ကြီးဌာနမှ အရာထမ်းတစ်ဦးက ပြောသည်။

 

နိုင်ငံခြားတွင် တာဝန်ထမ်း ဆောင်ခဲ့သော အစိုးရဝန်ထမ်း များသည် စုစုပေါင်းဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းကို အခွန်ပြန်လည်ပေး ဆောင်ထားကြောင်း ၎င်းကဆိုသည်။

 

“တကယ်ရမယ်ဆိုရင်တော့ ကောင်းတာပေါ့” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန ဌာနစုမှူးတစ်ဦးက ပြော သည်။ ဝင်ငွေနည်းသည့် အစိုးရ ဝန်ထမ်းများအနေဖြင့် အစိုးရမှ ကားတင်သွင်းခွင့်ရရှိလျှင်လည်း နိုင်ငံခြားငွေရရှိရေး ခက်ခဲနိုင် သည်ဟု ၎င်းကဆိုသည်။

 

လုပ်သက်များသည့် အစိုးရ ဝန်ထမ်းများကို ယခင်က မြေ ကွက်ချပေးမှုများရှိပြီး အချို့ဝန် ထမ်းများကို အိမ်ရာ တိုက်ခန်းများ ဈေးသက်သာစွာ ရောင်းချပေးခဲ့သည်။

 

သမ္မတဦးဝင်းမြင့်က အစိုးရ ဝန်ထမ်းများနှင့် ပတ်သက်၍ ဦးစားပေးဆောင်ရွက်မည့်အစီ အစဉ်များကို သမ္မတတာဝန်စတင် ယူပြီး ၂၀၁၈ နှစ်သစ်ကူးနှုတ်ခွန်း ဆက်စကား၌ ထည့်သွင်းပြော ကြားထားသည်။

 

ပြည်သူ့ဝန်ထမ်းများသည် လက်ရှိတာဝန်ထမ်းဆောင်စဉ် ဝန်ထမ်းအိမ်ရာမရှိသဖြင့် အခက် အခဲတွေ့နေသကဲ့သို့ အငြိမ်းစား ယူချိန်တွင်လည်း နေစရာအိမ်မရှိ သဖြင့် အခက်အခဲရှိသောဝန်ထမ်း များကို သတိပြုမိကြောင်း၊အစိုးရ ၏ လက်ကျန်သက်တမ်းသုံးနှစ် အတွင်း အခန်း ၇,၀၀၀ ကျော်ကို ဝန်ထမ်းအိမ်ရာအဖြစ် တည် ဆောက်ပေးထားရန် စီမံကြောင်း သမ္မတက ပြောကြားထားသည်။

 

 

Source; 7Day Daily

Read times
Rate this item
(3 votes)