Local Industry



ပိုေကာင္းလာတဲ့ ေလခြင္းစြမ္းရည္ေတြေၾကာင့္ ေလကာမွန္ မွာ ပိုးေကာင္ေသေတြ မေတြ႕ရေတာ့တာလား

အျမန္လမ္းလိုမ်ိဳး အရွိန္နဲ႔ေမာင္းႏွင္ရတဲ့ အေ၀းေျပးလမ္းေတာ္ေတာ္မ်ားမ်ားမွာ ကားေလာကသားေတြအတြက္ သာမက ကမၻာေျမႀကီးေပၚမွာ ေနထိုင္သူအားလံုးအတြက္ သတိမျပဳမိတဲ့အရာတစ္ခုရွိေနပါတယ္။

ဒါကေတာ့ အင္းဆက္ပိုးေကာင္ေလးေတြပါ။ ကၽြန္ေတာ္တို႔ငယ္စဥ္ ေလကာမွန္မွာ ေတာ္ေတာ္မ်ားမ်ား လာေရာက္ပ်ံသန္း ရင္းတိုက္မိမႈေၾကာင့္ ေသဆံုးတတ္ၾကပါတယ္။ ခုေတာ့ ဒီလိုမ်ိဳးျဖစ္စဥ္ေတြကို မျမင္ရသေလာက္နည္းပါးလာ ေနပါၿပီ။ ဒါကို The Windscreen Phenomenon လို႔ေခၚဆိုေခါင္းစဥ္တပ္ေဖာ္ျပခဲ့ၾကပါတယ္။

ကားေလာကရဲ႕အခ်ိဳ႕ေသာ လူေတြကေတာ့ ကားေတြရဲ႕ေခတ္နဲ႔အညီျပဳျပင္ေျပာင္းလဲလာတဲ့ ေလခြင္းအား ပိုေကာင္းေစမယ့္ ပံုသ႑န္ေတြေၾကာင့္လို႔ တယူသန္ေျပာၾကပါတယ္။ ဒါေပမယ့္ အခ်က္အလက္နဲ႔ဆိုရင္ေတာ့ မဟုတ္လွပါဘူး။

အတိအက်အခ်က္အလက္နဲ႔ေျပာဆိုၾကမယ္ဆိုရင္ေတာ့ စိုက္ပ်ိဳးေရးမွာသံုးတဲ့ဓာတုေဗဒ ပိုးသတ္ေဆး ေတြေၾကာင့္လို႔ ျမင္သာမွာပါ။ ပိုးသတ္ေစ်းသံုးလို႔ ကိုယ္စိုက္ပ်ိဳးၿပီးရွင္သန္ေစခ်င္တဲ့အပင္ကလဲြလို႔ က်န္တာ မွန္သမွ်ကို ေသဆံုးေစႏိုင္ပါတယ္။ ဒီလိုေသဆံုးမႈကေန လူသားကိုအႏၲာရာယ္ေပးမယ့္ အင္းဆက္ေတြသာမက အက်ိဳးျပဳမယ့္အင္းဆက္ေတြပါ ေသဆံုးေစႏိုင္ပါတယ္။ ဒီလိုေသဆံုးမႈကတစ္ဆင့္ သူတို႔ကိုရွာေဖြစားေသာက္ မယ့္ငွက္ေလးေတြနဲ႔ အျခားေသာတိရိစၧာန္ေလးေတြအတြက္ အစာအဟာရမျပည့္၀တာနဲ႔ ေတြ႕ၾကံဳရေစပါတယ္။

ဒါေတြကေနတစ္ဆင့္ ရာသီဥတုအထိစိုးရိမ္ေနသူေတြလည္းရွိပါတယ္။ ဒီလိုမ်ိဳးတစ္ဆင့္တစ္ဆင့္ျခင္း ဆက္သြားၾကည့္တဲ့အခါမွာေတာ့ ေဂဟစနစ္ႀကီး တစ္ခုလံုးကိုထိခိုက္လာႏိုင္တယ္ဆိုၿပီး ျမင္ေတြ႕ရႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕ရပ္တည္မႈအတြက္ ဓာတုေဗဒပိုးသတ္ေဆးသံုးစဲြမႈကိုတတ္ႏိုင္သေလာက္ေလွ်ာ့ခ်ၿပီး ပိုးသတ္ ေဆးကင္းစင္တဲ့ ေအာ္ဂဲနစ္အသီးအႏွံစိုက္ပ်ိဳးမႈကို ပိုမိုၿပီးအားေပးသင့္ပါေၾကာင္း ……

 

{Unicode}

=======

ပိုကောင်းလာတဲ့လေခွင်းစွမ်းရည်တွေကြောင့် လေကာမှန်မှာပိုးကောင်သေတွေ မတွေ့ရတော့တာလား

 

အမြန်လမ်းလိုမျိုး အရှိန်နဲ့မောင်းနှင်ရတဲ့ အဝေးပြေးလမ်းတော်တော်များများမှာ ကားလောကသားတွေအတွက် သာမက ကမ္ဘာမြေကြီးပေါ်မှာ နေထိုင်သူအားလုံးအတွက် သတိမပြုမိတဲ့အရာတစ်ခုရှိနေပါတယ်။ ဒါကတော့ အင်းဆက်ပိုးကောင်လေးတွေပါ။ ကျွန်တော်တို့ငယ်စဉ် လေကာမှန်မှာ တော်တော်များများ လာရောက်ပျံသန်း ရင်းတိုက်မိမှုကြောင့် သေဆုံးတတ်ကြပါတယ်။ ခုတော့ ဒီလိုမျိုးဖြစ်စဉ်တွေကို မမြင်ရသလောက်နည်းပါးလာ နေပါပြီ။ ဒါကို The Windscreen Phenomenon လို့ခေါ်ဆိုခေါင်းစဉ်တပ်ဖော်ပြခဲ့ကြပါတယ်။

ကားလောကရဲ့အချို့သော လူတွေကတော့ ကားတွေရဲ့ခေတ်နဲ့အညီပြုပြင်ပြောင်းလဲလာတဲ့ လေခွင်းအား ပိုကောင်းစေမယ့် ပုံသဏ္ဍန်တွေကြောင့်လို့ တယူသန်ပြောကြပါတယ်။ ဒါပေမယ့် အချက်အလက်နဲ့ဆိုရင်တော့ မဟုတ်လှပါဘူး။

အတိအကျအချက်အလက်နဲ့ပြောဆိုကြမယ်ဆိုရင်တော့ စိုက်ပျိုးရေးမှာသုံးတဲ့ဓာတုဗေဒ ပိုးသတ်ဆေး တွေကြောင့်လို့ မြင်သာမှာပါ။ ပိုးသတ်ဈေးသုံးလို့ ကိုယ်စိုက်ပျိုးပြီးရှင်သန်စေချင်တဲ့အပင်ကလွဲလို့ ကျန်တာ မှန်သမျှကို သေဆုံးစေနိုင်ပါတယ်။ ဒီလိုသေဆုံးမှုကနေ လူသားကိုအန္တာရာယ်ပေးမယ့် အင်းဆက်တွေသာမက အကျိုးပြုမယ့်အင်းဆက်တွေပါ သေဆုံးစေနိုင်ပါတယ်။

ဒီလိုသေဆုံးမှုကတစ်ဆင့် သူတို့ကိုရှာဖွေစားသောက် မယ့်ငှက်လေးတွေနဲ့ အခြားသောတိရိစ္ဆာန်လေးတွေအတွက် အစာအဟာရမပြည့်ဝတာနဲ့ တွေ့ကြုံရစေပါတယ်။ ဒါတွေကနေတစ်ဆင့် ရာသီဥတုအထိစိုးရိမ်နေသူတွေလည်းရှိပါတယ်။ ဒီလိုမျိုးတစ်ဆင့်တစ်ဆင့်ခြင်း ဆက်သွားကြည့်တဲ့အခါမှာတော့ ဂေဟစနစ်ကြီး တစ်ခုလုံးကိုထိခိုက်လာနိုင်တယ်ဆိုပြီး မြင်တွေ့ရနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ရပ်တည်မှုအတွက် ဓာတုဗေဒပိုးသတ်ဆေးသုံးစွဲမှုကိုတတ်နိုင်သလောက်လျှော့ချပြီး ပိုးသတ် ဆေးကင်းစင်တဲ့ အော်ဂဲနစ်အသီးအနှံစိုက်ပျိုးမှုကို ပိုမိုပြီးအားပေးသင့်ပါကြောင်း ……

Read times
Rate this item
(1 Vote)