Local Industry



တစ်ပတ်အတွင်းအရောင်းရဆုံးကားဈေးနှုန်းများ

ကားဈေးကွက်တွင် ရန်ကုန်အဝယ်နှင့် နယ်အဝယ်များပါ ပြန်လိုက်လာသောကြောင့် ဘယ်မောင်းကားသစ်များနှင့်အတူ ဈေးကွက်ကြိုက် နံပါတ်ထွက်ပြီးသားကားများပါ အရောင်းအဝယ်ပြန်ဖြစ်လာသည်။

 

အဝယ်အများစု ကြိုက်နှစ်သက်သည့် နံပါတ်ထွက်ပြီးသား ရန်ကုန်လိုင်စင် ၁၃၀၀ စီစီ ရောင်းကားများမှာ ယခင်တက်ဈေးများ ပြန်ချ၍ ရောင်းလာသောကြောင့် အဝယ်များနေပြီး ကျပ်သိန်းခြောက်ရာအောက် ညာမောင်း အမြင့်ကားအချို့လည်း အဝယ်ပြန်ကောင်းလာသည်။ ရန်ကုန်အဝယ်ရော နယ်အဝယ်ပါ ပြန်ဆင်းသောကြောင့် ရန်ကုန်လိုင်နံပါတ် ထွက်ပြီးသားများနည်းတူ နယ်လိုင်စင်ကားလည်း အဝယ်ပြန်လိုက်လာသည်။ ထို့အတူပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့မှစ၍ စည်းကြပ်မှုမှ လွတ်ကင်းနေသော အခွန်နှုန်းထားများကို လျှော့ချကောက်ခံခဲ့ခြင်းကြောင့် ယခင် ကျပ်သိန်းသုံးရာတန် Brand New ကားတစ်စီးကို ဝင်ငွေခွန်ကျပ် ၄၅ သိန်းပေးဆောင်ခဲ့ရာမှ ယခုအခါ ကိုးသိန်းဝန်းကျင်သာ ကျသင့်မည်ဖြစ်၍ ကားသစ်ဈေးကွက်မှာလည်း ပိုမိုအားကောင်းလာသည်။ ကညနမှ နံပါတ်ထုတ်ပေးမှု စာရင်းများအရ 9Q/6702 နှင့် HH/4038 သို့ရောက်ရှိနေပြီဖြစ်သည်။

 

15.11.2019 မှ 21.11.2019 အတွင်း ယာဉ်ရောင်းဝယ်ရေးစခန်းများမှ အရောင်းရဆုံးကားများကို ဖော်ပြပေးလိုက်ပါတယ်။

 

15.11.JPG

 

 

21.11.JPG

 

 

 

Source; Automobile Journal

Read times
Rate this item
(2 votes)