Local Industry



ကတ်စနစ်စတင်ချိန်တွင် ယာဉ်စီးခ တိုးမြှင့်ကောက်ခံခွင့်ပြုရန် ယာဉ်လိုင်းကုမ္ပဏီများမှ YRTA ထံ တင်ပြထား

ကတ်စနစ်စတင်ချိန်တွင် ယာဉ်စီးခ တိုးမြှင့်ကောက်ခံခွင့်ပြုရန် ယာဉ်လိုင်းကုမ္ပဏီများမှ YRTA ထံ တင်ပြထား google

ယာဉ်စီးခကို ကတ်စနစ်ဖြင့် ပြောင်းလဲကောက်ခံရာတွင် မူလယာဉ်စီးခထက် တိုးမြှင့်ကောက်ခံခွင့်ပြုရန် ယာဉ်လိုင်းကုမ္ပဏီများမှ YRTA ထံ တင်ပြထားကြောင်း သိရသည်။

 

YBS ယာဉ်လိုင်းကုမ္ပဏီများမှ လုပ်ငန်းရေရှည်လည်ပတ်နိုင်ရန် အတွက် စနစ်နှင့်ကိုက်ညီသည့် ယာဉ်စီးခနှုန်းထားတစ်ခုကို တိုးမြှင့်သတ်မှတ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံ တင်ပြတောင်းဆို ထားသည်။

 

‘‘ကတ်စနစ်ကို ခေတ်မီအောင် လုပ်နေသလို ယာဉ်စီးခကိုလည်း ခေတ်နဲ့ညီတဲ့ နှုန်းထားတစ်ခုအဖြစ် ပြောင်းလဲတိုးမြှင့် သတ်မှတ်ပေးဖို့ လိုပါတယ်၊ YBS စနစ် မတိုင်ခင် ကတည်းက အထူးကား ကျပ်နှစ်ရာ၊ အမြဲစိမ်းကား ကျပ်နှစ်ရာ၊ ရွေဧည့်သည်ကား ကျပ်သုံးရာဆိုပြီး သတ်မှတ်ပြေးဆွဲခဲ့တာတွေ ရှိပါတယ်၊ ခေတ်တွေသာ ပြောင်းတယ် ယာဉ်စီးခက မပြောင်းဘူး ဖြစ်နေတယ်၊ ကတ်စနစ် စပြီဆိုရင် ယာဉ်စီးခတွေကို ပြောင်းလဲသတ်မှတ် ပေးမှသာ ပြင်ဆင်စရိတ်တွေနဲ့ အဆင်ပြေမှာ ဖြစ်ပါတယ်’’ဟု အမြင့်မြတ်ဆုံးအင်အား သယ်ယူပို့ဆောင်ရေးအုပ်စု အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမီတက်မှ အထွေထွေ မန်နေဂျာ ဦးမျိုးဝင်းက ပြောသည်။

 

Yangon Payment Service စနစ်သည် ယာဉ်စီးခကို အပြည့်အဝရရှိနိုင်သလို ခေတ်မီသည့် စနစ်တစ်ခု ဖြစ်သည့်အတွက် YBS ယာဉ်လိုင်း ကုမ္ပဏီများက သဘောတူညီမှု ရှိကြသော်လည်း ကုမ္ပဏီများ ရေရှည်ရပ်တည်နိုင်ရန်အတွက် ယာဉ်စီးခတိုးမြှင့်သတ်မှတ်ပေးရန် YRTA ထံတင်ပြထား ကြောင်း သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)