Local Industry



ရောင်းချခဲ့သည့်ကားအပေါ် အမြတ်ငွေပေးဆောင်ပြီး ငွေဖြူပြနိုင်ပါက ပတခ(ဝင-၈)ကို နှစ်ရက်အတွင်း ထုတ်ပေးမည်

ရောင်းချခဲ့သည့် ကားအပေါ်အမြတ် ငွေပေးဆောင်ပြီး ငွေဖြူပြနိုင်ပါက အခွန်စည်းကြပ်ပြီးကြောင်း တရား ဝင်အထောက်အထား ပတခ(ဝင-၈) ကို နှစ်ရက်အတွင်း ထုတ်ပေးမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။


ဝင်ငွေခွန်နှုန်းထားများ ဖြေ လျှော့ပေးပြီးနောက်ပိုင်းတွင် အ မည်ပြောင်းခွန် လာရောက်ဆောင် ရွက်သူများ အဆင်ပြေစေရန်အ တွက် တန်ဖိုးဖြတ်ပြီး အခွန်ပေး ဆောင်ပြီးပါက အခွန်စိမ်းကို နေ့ ချင်းပြီး အမြန်ဆုံး ထုတ်ပေးမည် ဖြစ်သည်။ ထို့ပြင် အခွန်ပေးဆောင် ထားသည့် ကားတစ်စီးကို ရောင်း ချပြီး ရရှိလာသည့်အမြတ်ငွေအပေါ် အခွန်ရှင်းလင်းပြီးပါကလည်း ငွေ ဖြူပြနိုင်သည့် ပတခ(ဝင-၈)ကို နှစ် ရက်အတွင်း ထုတ်ပေးမည်ဖြစ်သည်။


“အမည်ပြောင်းခွန် ပေးဆောင်တဲ့ကားတွေအတွက် အခွန်စိမ်းကို နေ့ချင်းပြီးရအောင် ဆောင်ရွက် ပေးနေပါတယ်၊ အခွန်ပေးဆောင်ထားတဲ့ကားကို ရောင်းချပြီး ရရှိတဲ့ အရှုံး/အမြတ်ကို အခွန်စာရင်း ရှင်းလင်းပြီးတဲ့အခါမှာလည်း ငွေဖြူအထောက်အထား ပတခ (ဝင-၈)ကို ထုတ်ပေးမှာ ဖြစ်ပါတယ်၊ ရောင်းချခဲ့တဲ့ကားအတွက် အမြတ်ငွေရှိတယ်ဆိုရင် ဒီငွေအပေါ်မှာ ၁ဝ ရာခိုင်နှုန်း အခွန်ဆောင် ပြီးရင် အခြေပစ္စည်းတစ်ခုခု ဝယ်ယူခွင့်ရဖို့အတွက် ငွေဖြူပြနိုင်တဲ့ ပတခ(ဝင-၈)ကို ထုတ်ယူလို့ရပါတယ်၊ ပတခ(ဝင-၈)ကို ထုတ်ယူမယ်ဆိုရင် အမည်ပြောင်းခွန်ဆောင် ထားဖူးတဲ့ကားကို ရောင်းချပြီး ကြောင်း အရောင်းအဝယ်စာချုပ်နဲ့ အခွန်ဆောင်ထားဖူးတဲ့ အခွန်စိမ်း တို့ တင်ပြပြီး နှစ်ရက်အတွင်း ထုတ်ယူလို့ရအောင် ဆောင်ရွက် ပေးနေပါတယ်” ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ဝင်ငွေခွန်ပေးဆောင်ကာ အ မည်ပြောင်းပြုလုပ်ထားသည့် ကားတစ်စီးကို ရောင်းချပြီး ထိုကားနှင့် တန်ဖိုးညီမျှသည့် အခြားကားတစ်စီးကို ဝယ်ယူမည်ဆိုလျှင် အခွန်ငွေ တောင်းခံလွာပုံစံ ပတခ(ဝင-၈)တင်ပြနိုင်ပါက အခွန်ကင်းလွတ်ခွင့် လျှောက်ထားနိုင်မည်ဖြစ်သည်။ သို့သော် ပြန်လည်ဝယ်ယူမည့် ကား တစ်စီး၏ တန်ဖိုးသည် အခွန်ပေးဆောင်ထားပြီး ရောင်းချခဲ့သည့် တန်ဖိုးထက်များနေပါက ဝင်ငွေခွန် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

 


Source; Automobile Journal

Read times
Rate this item
(1 Vote)