Local Industry



Hyundai Motor Myanmar မှ ရန်ကုန်လိုင်စင်ဖြင့် ဝယ်ယူနိုင်မည့် ၂ဝ၂ဝ မိုဒယ် Tucson ကို ပြည်တွင်းဈေးကွက်၌ စတင်ရောင်းချ

Hyundai Motor Myanmar မှ ရန်ကုန်လိုင်စင်ဖြင့် ဝယ်ယူနိုင်မည့် ၂ဝ၂ဝ မိုဒယ် Tucson ကို ပြည်တွင်းဈေးကွက်၌ စတင်ရောင်းချ google

Hyundai Motor Myanmar မှ ရန်ကုန်လိုင်စင်ဖြင့် ဝယ်ယူနိုင်မည့် ၂ဝ၂ဝ မိုဒယ် Tucson ကို ပြည် တွင်းဈေးကွက်၌ စတင်ရောင်းချနေပြီ ဖြစ်ကြောင်း သိရသည်။

 

Hyundai Motor Myanmar မှ SKD စနစ်ဖြင့် တပ်ဆင်ထုတ် လုပ်သော ၂ဝ၂ဝ မိုဒယ် Hyundai Tucson ကို အောက်တိုဘာ ၄ ရက်က စတင်မိတ်ဆက်ခဲ့သည်။ Tucson သည် 2.0 CRDI Engine 8-Speed Automatic ဖြစ်ပြီး Semi Manual ဖြင့်လည်း မောင်းနှင်နိုင်သော Premium Mid-Size SUV ကားအမျိုးအစား ဖြစ်သည်။ ကားအပြင်ဘက်တွင် ပိုမို ကောင်း မွန်သည့် လေဝင်ပေါက်နှင့် ဘမ်ပါ များ တပ်ဆင်ထားပြီး ဒီဇိုင်းအသစ် နှင်းခွဲမီးများဖြင့် ပုံဖော်ထားသည်။

 

ကားအတွင်းပိုင်း ကျယ်ဝန်းကာ မြင်ကွင်းရှင်းအောင် ဒီဇိုင်းဖန် တီးပေးထားပြီး ထိုင်ခုံများသည်လည်း Leather Seat များ ဖြစ် သည်။ အဆင့်မြင့်နည်းပညာများ ဖြစ်သည့် Apple CarPlay ၊ Andriod Auto Capability ၊ ကြိုးမဲ့ ချိတ်ဆက်မှုWifi ၊ Bluetooth ၊ Touch Screen စသည့် နောက်ဆုံး ပေါ် နည်းပညာများကို အသုံးပြု နိုင်သော Floating-Type 8-inch LCD Touch Screen ကို ထည့် သွင်းပေးထားသည်။ Push-start ၊ Smart Key ဖြစ်ပြီး Navigation System ၊ Smart Tailgate System နှင့် HTRAC All-Wheel Drive နည်းပညာများလည်း ပါဝင်ကာ စီးနင်းသူ လုံခြုံရေးအတွက် လေ အိတ် ခြောက်လုံး တပ်ဆင်ထား သည်။

 

Hyundai Tucson သည် IIHS နှင့် NHTSA တို့၏ အ ကောင်းဆုံး ဘေးကင်းလုံခြုံမှု အ ဆင့်သတ်မှတ်ချက်ဆုကို ရရှိထား သော Premium Mid-Size SUV ဖြစ်သည်။ ထိုကားကို စက်ရုံထုတ် ဈေး ကျပ် ၆၃၅ သိန်းဖြင့် ရောင်း ချပေးမည်ဖြစ်ပြီး ရန်ကုန်လိုင်စင်အ ပြင် ကြိုက်နှစ်သက်ရာ နယ်လိုင်စင် ဖြင့်လည်း ဝယ်ယူနိုင်မည်ဖြစ်သည်။ ၂ဝ၂ဝ မိုဒယ် Hyundai Tucson ကို အဖြူ၊ အနက်၊ ခဲ စသည့် အရောင်များ ရွေးချယ် ဝယ်ယူ နိုင်ပြီး ခုနစ်နှစ်၊ သို့မဟုတ် ကီလို မီတာ တစ်သိန်းခွဲ အာမခံပေးမည် ဖြစ်ကြောင်း သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)