Local Industry

သီတင်းကျွတ်ရုံးပိတ်ရက် ရန်ကုန်-မန္တလေး အစုန်/အဆန်အထူးရထား ပြေးဆွဲ ပေးမည်

သီတင်းကျွတ်ရုံးပိတ်ရက် ရန်ကုန်-မန္တလေး အစုန်/အဆန်အထူးရထား ပြေးဆွဲ ပေးမည် google

မြန်မာ့မီးရထားမှ သီတင်းကျွတ် ရုံးပိတ်ရက်အတွင်း နေရပ်ဒေသ အသီးသီးသို့ ပြန်ကြမည့် ခရီးသွားပြည်သူများနှင့်ဝန်ထမ်းများ သွားလာမှုအဆင်ပြေစေရေးအတွက် (၁၀.၁၀.၂၀၁၉) ရက်နေ့တွင် ရန်ကုန်မှ မန္တလေးခရီးစဉ်နှင့် မန္တလေးမှ ရန်ကုန်ခရီးစဉ်များအတွက် အထူးအမြန်ရထား (၂)စီးကို တိုးချဲ့ပြေးဆွဲရန် စီစဉ် ဆောင်ရွက်ထားပါသည်။

အဆန်အထူးရထားသည် ရန်ကုန်မှ ညနေ၄နာရီခွဲတွင် စတင်ထွက်ခွာပြီး နောက်တနေ့မနက် ၁၀း၄၀နာရီတွင် မန္တလေးသို့ ရောက်ရှိမည် ဖြစ်ပါသည်။

အစုန်အထူးရထားသည် မန္တလေးမှ ညနေ၆နာရီတွင် စတင်ထွက်ခွာပြီး နောက်တနေ့ နေ့လည် ၁၂နာရီတွင် ရန်ကုန်သို့ ရောက်ရှိမည် ဖြစ်ပါသည်။

ရုံးများပြန်ဖွင့်ပါက လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်မည့်ပြည်သူများအတွက် (၁၅.၁၀.၂၀၁၉) နေ့တွင်လည်း အထက်ပါအချိန်စာရင်းများအတိုင်း ရန်ကုန်-မန္တလေး အစုန်/အဆန်အထူးရထားများကို ပြေးဆွဲပေးသွားမည် ဖြစ်ပါသည်။

ရထားလက်မှတ်များကို အထက်တန်း (၈.၁၀.၂၀၁၉)နေ့မှ စ၍လည်းကောင်း ရိုးရိုးတန်းလက်မှတ်များကို (၉.၁၀.၂၀၁၉) နေ့မှစ၍လည်းကောင်း လက်မှတ်ရုံများတွင် ရောင်းချပေးသွားမည် ဖြစ်ပါသည်။

ရထားလက်မှတ်ခများမှာ ရန်ကုန်မှမန္တလေးခရီးစဉ်အတွက် အထက်တန်း ၉၃၀၀ကျပ်နှင့် ရိုးရိုးတန်း ၄၆၅၀ကျပ်တို့ ဖြစ်ပါသည်။

အစုန်/အဆန်အထူးရထား ရပ်တန့်ပေးမည့်ဘူတာများမှာ အမှတ်(၃/၄)အမြန်ရထား ရပ်တန့်သည့် ဘူတာများ၌ ရပ်တန့် ပေးမည် ဖြစ်ပါသည်။၎င်းဘူတာများမှာ တိုးကြောင်ကလေး ပဲခူး ဒိုက်ဦး ပြွန်တန်ဆာ ညောင်လေးပင် ပိန်းဇလုပ် ကျောက်တံခါး ကညွတ်ကွင်း ဖြူး တောင်ငူ ဧလာ ပျ ဉ်းမနား နေပြည်တော် တပ်ကုန်း ရမည်းသင်း ပျော်ဘွယ် ညောင်ရမ်း သာစည် သဲတော မြစ်သားနှင့် ကျောက်ဆည်ဘူတာများ ဖြစ်ပါသည်။

ရန်ကုန်-မန္တလေးခရီးစဉ်အတွက် အမှတ်(၁၁/၁၂) (၅/၆) (၃/၄)အစုန်/အဆန်အမြန်ရထားများကိုလည်း ပုံမှန်အတိုင်း နေ့စဉ်ပြေးဆွဲပေးသွားမည် ဖြစ်ပါသည်။

ရထားစီးခရီးသွားပြည်သူများ မိမိတို့လိုရာခရီးကို အဆင်ပြေချောမောစွာ သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားမှ ကြိုးစား ဆောင်ရွက်ထားပါကြောင်း တင်ပြလိုက်ပါသည်။

Unicode

Credit; Original uploader

Read times
Rate this item
(1 Vote)