Local Industry

ရန်ကုန်-ပုဂံ အထူးရထား ပြေးဆွဲမည်

ရန်ကုန်-ပုဂံ အထူးရထား ပြေးဆွဲမည် facebook

မြန်မာ့မီးရထားမှ သီတင်းကျွတ်ပွဲတော်ကာလအတွင်း ပုဂံသို့ ဘုရားဖူးသွားရောက်ကြမည့် ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် အထက်တန်းတွဲ(၅)တွဲ ရိုးရိုးတန်း (၃)တွဲ ဘရိတ်တွဲ(၁)တွဲဖြင့် အထူးရထားတစ်စီးကို ပြေးဆွဲ ပေးသွားမည် ဖြစ်ပါသည်။

ရန်ကုန်မှပုဂံသို့ ထွက်ခွာပေးမည့် အထူးရထားမှာ ရန်ကုန်ဘူတာကြီးမှ (၁၁.၁၀.၂၀၁၉)နေ့ နေ့လည်၂နာရီ၁၅မိနစ်တွင် ထွက်ခွာပေးမည်ဖြစ်ပြီး ပုဂံသို့ နောက်တနေ့ နံနက် ၉နာရီတွင် ရောက်ရှိမည် ဖြစ်ပါသည်။

(၁၄.၁၀.၂၀၁၉)ရက်နေ့ ညနေ ၅နာရီတွင် ပုဂံမှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာပေးမည် ဖြစ်ပြီး နောက်တနေ့ မွန်းလွဲ ၁၂နာရီ ၂၀မိနစ်တွင် ရန်ကုန်ဘူတာကြီးသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ပါသည်။

ရန်ကုန်မှ ပုဂံသို့ ရထားလက်မှတ်ခမှာ ခရီးသည်တစ်ဦးလျင် ရိုးရိုးတန်း ၄၅၀၀ကျပ် အထက်တန်းထိုင်ခုံ ၁၂၀၀၀ကျပ် အထက်တန်းအိပ်စင် ၁၆၅၀၀ကျပ်တို့ ဖြစ်ပါသည်။

ရန်ကုန်-ပုဂံအထူးရထားအား အမှတ် (၆၁/၆၂)အမြန်ရထား ရပ်တန့်သည့်ဘူတာများ၌ ရပ်တန့်ပေးသွားမည် ဖြစ်ပါသည်။

ရန်ကုန်-ပုဂံ နေ့စဉ်ပြေးဆွဲပေး လျက်ရှိသော အမှတ်(၆၁)အဆန်/အမှတ်(၆၂)အစုန်အမြန်ရထားကိုလည်း ပုံမှန်အတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ပါသည်။

ကြည့်မြင်တိုင်ဘူတာမှပြည်သို့ထွက်ခွာသောစာပို့ရထားနှင့်သာရဝေါသို့ သွားရောက်သည့်ရထားများတွင် ရုံးပိတ်ရက်ကာလအတွင်း ခရီးသည်စီးနင်းမှု များပြားသဖြင့် လူစီးတွဲများ ပိုမို ချိတ်ဆွဲပေးသွားမည်ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။

Unicode

Credit; Original Writer

Read times
Rate this item
(1 Vote)