Local Industry



ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ Rapid Test Kit ဖြင့် စတင်စစ်ဆေး

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(ဝ/၅)နှင့် (ဝ/၆)အကြား၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအမံဖြင့်

 

ရန်ကုန်တိုင်းဒေသကြီးဘက်မှ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ ဖြတ်သန်းသွားလာမည့် ကုန်တင်ယာဉ်နှင့် ခရီးသည်ယာဉ်များပေါ်ရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ Rapid Test Kit ဖြင့် ပူးပေါင်းစစ်ဆေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စစ်ဆေးခဲ့ပြီးချိန်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၄)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်သို့ တက်ရောက်လာမည့် ယာဉ်များအားလုံးမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် နှင့် ယာဉ်ပေါ်ပါသူအားလုံး ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit ဖြင့် စတင်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါပိုးမရှိကြောင်း ထောက်ခံစာပါရှိခြင်းရှိ/မရှိ စစ်ဆေးသွားမည်ဖြစ်ပြီး ထောက်ခံစာပါရှိသောသူများအား ဆက်လက်သွားစေမည်ဖြစ်ပြီး ထောက်ခံစာမပါရှိသော ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ယာဉ်ပေါ်ပါသူအားလုံးကို ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိစစ်ဆေး၍ ရောဂါပိုးမရှိကြောင်း ထောက်ခံချက်ရရှိမှသာ ဆက်လက်သွားလာရမည် ဖြစ်ကြောင်း သိရသည်။

 

"ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရန်နှင့် ရောဂါကူးစက်ပျံ့နှံမှုမရှိစေရန် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များကို ယခုလို စစ်ဆေးတော့ အချိန်တိုအတွင်း ထိန်းချုပ်နိုင်ပါတယ်၊ စစ်ဆေးတဲ့အခါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရင် မိသားစုအတွက် ကျန်းမာရေးနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်လို့ရတယ်၊

 

မိသားစုကိုလည်း ရောဂါကူးစက်မှုမှ ကာကွယ်နိုင်တယ်၊ လမ်းကြောင်းတစ်လျှောက် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခြင်းကြောင့် အချိန်တိုအတွင်း ဆေးစစ်အဖြေရရှိကာ သွားလိုသည့်ခရီးကိုလည်း အမြန်ဆုံးထွက်ခွာသွားလာနိုင်ပြီး ကျန်းမာရေးအရလည်း ကောင်းမွန်ပြီးတော့ ကုန်စည်စီးဆင်းမှုမှာလည်း များစွာအထောက်အကူပြုပါတယ်၊ ကိုဗစ်-၁၉ ကာလမှာဆိုတော့ သွားရေးလာရေး အခက်အခဲရှိပါတယ်"ဟု ခရီးသွားတစ်ဦးထံမှ သိရသည်။

 

အဆိုပါ စစ်ဆေးမှုကို အောက်တိုဘာ ၁၃ ရက်မှစတင်ကာ နေ့စဉ် နံနက် ၉ နာရီခွဲမှ နံနက် ၁၁ နာရီထိ (၁)ကြိမ်၊ မွန်းလွဲ ၁ နာရီမှ မွန်းလွဲ ၃ နာရီထိ (၁)ကြိမ်၊ ညနေ ၄ နာရီမှ ညနေ ၆ နာရီထိ(၁)ကြိမ် တစ်နေ့ကို စုစုပေါင်း (၃)ကြိမ် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး

 

ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ယာဉ်ပေါ်ပါသူတို့ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် မြို့နယ် ကျန်းမာရေးဝန်ထမ်းတို့ပူးပေါင်း၍ Rapid Test Kit များဖြင့် ကျန်းမာရေးစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နိုင်လင်း(လှည်းကူး) (MDN)

Read times
Rate this item
(0 votes)