Local Industry



ခရီးသည်တင် မီနီဘတ်စ်များ လုပ်ငန်းလိုင်စင် ပြောင်းလဲမည်ဆိုပါက CNG ပါ အပ်နှံရမည်

ခရီးသည်တင် မီနီဘတ်စ်များ လုပ်ငန်းလိုင်စင် ပြောင်းလဲမည်ဆိုပါက CNG ပါ အပ်နှံရမည် google

ခရီးသည်တင် မီနီဘတ်စ်များကို လုပ်ငန်းလိုင်စင် ပြောင်းလဲမည်ဆိုပါက CNG ပါ အပ်နှံရမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

 

လက်ရှိတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များထဲ၌ မှတ်ပုံတင်ထားသည့် ခရီးသည် တင် မီနီဘတ်စ် အစီး ၁,၁ဝဝ ကျော်ရှိကြောင်း သိရသည်။ ထိုယာဉ်များကို ယာဉ်ပိုင်ရှင်ဆန္ဒအလျောက် ခရီးသည်တင်ယာဉ်(ခ-လိုင်စင်)မှ စင်းလုံးငှားယာဉ်(ဂ-လိုင်စင်)၊ သို့မဟုတ် သီးသန့်လိုင် စင်/School Bus(ဃ-လိုင်စင်) သို့ လုပ်ငန်းလိုင်စင်ပြောင်းလဲမည် ဆိုပါက ခွင့်ပြုပေးထားသော CNG အသုံးပြုခွင့်ကို ပြန်လည်အပ်နှံရမည် ဖြစ်သည်။

 

‘‘အထူးခွင့်ပြုချက်အနေနဲ့ ၂ဝဝ၃ မိုဒယ်အောက် ခရီးသည်တင်ဘတ်စ်တွေအပါအဝင် မီနီ ဘတ်စ်တွေကိုလည်း လူစီးစလစ်နဲ့ အပ်နှံခွင့် ပေးထားပါတယ်၊ ဒါ့ပြင် မြို့တွင်းပြေးဆွဲနေတဲ့ YBS တွေ ကို အဆင့်မြှင့်တင်ဖို့အတွက် မီနီဘတ်စ်တွေကို (ခ)လိုင်စင်ကနေ (ဂ)လိုင်စင်၊ ဒါမှမဟုတ် (ဃ) လိုင် စင် ပြောင်းလဲမယ်ဆိုရင် CNG အသုံးပြုခွင့် ပြန်အပ်နှံရမယ်ဆိုတာ ကြေညာထားပါတယ်’’ဟု ရန်ကုန် တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

လက်ရှိနှစ်အတွင်း ရန်ကုန် မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များ အဆင့်မြှင့်တင်ရာတွင် မီနီဘတ်စ်ယာဉ်များကို City Bus များဖြင့် တဖြည်းဖြည်း အစားထိုး ပြေးဆွဲသွားမည်ဖြစ်သည်။ သို့ သော် မီနီဘတ်စ်ယာဉ်ပိုင်ရှင်များ လုပ်ငန်းအခက်အခဲ မရှိစေရန် ရည်ရွယ်ပြီး ရန်ကုန်မြို့စွန်ဒေသများတွင် လမ်းကြောင်းရေးဆွဲ၍ ပြေးဆွဲခွင့် ဆက်ပေးမည်ဖြစ်သလို အပ်နှံလိုပါကလည်း ၂ဝဝ၃ မိုဒယ် အောက်ယာဉ်များအတွက် လူစီးယာဉ်တင်သွင်းခွင့် ထောက်ခံချက် ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)