Local Industry



သီတင်းကျွတ်နယ်ပြန်ဖို့ အောင်မင်္ဂလာအဝေးပြေးကွင်းသွားရမယ့်သူတွေအတွက် သတင်းကောင်း

သီတင်းကျွတ်နယ်ပြန်ဖို့ အောင်မင်္ဂလာအဝေးပြေးကွင်းသွားရမယ့်သူတွေအတွက် သတင်းကောင်း google

တံခါးပေါက် ၃ ပေါက်ပါရှိသည့် SCANIA ကားသစ်များဖြင့် YBS ရန်ကုန်မြို့ပတ် ဘတ်စ်ကားလိုင်းကို စက်တင်ဘာလ ၂၃ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားခဲ့ပါတယ်။

 

ယာဉ်စီးခအနေနဲ့ကတော့ ..

 

အောင်မင်္ဂလာအဝေးပြေးမှ သခင်မြပန်းခြံ =၅၀၀ကျပ်

 

သခင်မြပန်းခြံမှ အောင်မင်္ဂလာအဝေးပြေး=၅၀၀ကျပ်

 

 >>>Bus Service Companies ၁၇ ခုကိုရှာရန်နှိပ်ပါ။<<<

 

အစအဆုံးမြို့ပတ်ခရီးစဉ် = ၁၀၀၀ကျပ်

 

ဒါကြောင့် အောင်မင်္ဂလာအဝေးပြေးကွင်းကိုသွားမယ့်သူတွေအတွက် တက္ကဆီငှားစီးရမယ့်အနေအထားက အတော်အသင့်သက်သာသွားနိုင်ပါတယ်။

 

ယခုလ ၂၃ရက်နေ့တွင် ပြေးဆွဲမည့် တံခါးပေါက် ၃ပေါက်ပါရှိသည့် SCANIA ကားသစ်များဖြင့် YBS ရန်ကုန်မြို့ပတ်ဘတ်စ်ကားလိုင်းပြေးဆွဲမည့် ယာဉ်မှတ်တိုင်များမှာ -

 

 

Image may contain: indoor

 

 

ပြေးဆွဲမည့် ခရီးစဉ် လမ်းကြောင်း ၁ မှတ်တိုင်များမှာ အောင်မင်္ဂလာအဝေးပြေးမှ စတင်ကာ ဓမ္မာရုံ၊ ၆ကွေ့၊ဧ ရာ(ဘုမ္မာ)၊ဥဇ္ဇနာ၊ဝဇီရာ၊ ဃဈေး၊မြောက်ဥက္ကလာအဝိုင်း၊ဘုန်းကြီးလမ်း၊(၅)လမ်း၊ ဂန္ဓမာဟိုးဆေး၊ညောင်ပင်(ပါ ရမီ)၊ပင်းယ၊မြင်သာဈေး၊ဥက္ကလာပဘုရား၊မိုးဆွေ၊စီမံကိန်း၊စံပြဈေး၊သစ်စက်၊ချမ်းအေး(သွားဆေးတက္ကသိုလ်)၊သုဝဏ္ဏဈေး၊ကျောင်းလမ်း၊သုဝဏ္ဏလမ်းဆုံ၊ဈေးလေး(ကြက်ဘဲဈေး)၊၆လမ်း(ပုသိမ်ညွန့်)၊အေဘီစီ၊အသင်းတိုက်(စက်ဆန်း)၊ပုဇွန်တောင်စာတိုက်၊ပုဇွန်တောင်ဈေး၊ဗိုလ်တထောင်ဘုရား၊စာတိုက်ကြီး(ဘိုကလေးဈေး)၊ပန်းဆိုးတန်း၊ခြောက်ထပ်ရုံး၊၁၅လမ်း(ညောင်ပင်လေးဈေး)၊မော်တင်နှင့်သခင်မြပန်းခြံမှတ်တိုင်များသို့ပြေးဆွဲမှာပဲဖြစ်ပါတယ်။

 

အလုံမြို့နယ်ရှိ သခင်မြပန်းခြံကားမှတ်တိုင်မှတဆင့် အလုံဒယ်အိုးစက်၊ဆင်မင်းဈေး၊ ဟုမ်းလမ်း၊စာတိုက် (ကြည့်မြင်တိုင်)၊ညဈေး၊ဆင်မလိုက်၊သင်္ဘောကျင်း၊ရေကြောင်းသိပ္ပံ၊ချောင်းဝ၊ဘူတာရုံလမ်း၊ပိတောက်ချောင်း(သီရိမင်္ဂလာဈေး)၊အုတ်ကျင်း၊ဈေးဘူတာ၊ကျောင်းရှေ့(သမိုင်း)၊သမိုင်းလမ်းဆုံ၊ကျိုက်ဝိုင်း၊ရဲဘော်ဟောင်း၊၈မိုင်လမ်းဆုံ၊၈မိုင်ပန်းခြံ၊နဝဒေး၊လမ်းဝ၊၅လမ်း၊ဘုန်းကြီးလမ်း၊မြောက်ဥက္ကလာအဝိုင်း၊ဃဈေး၊ဝဇီရာ၊ဥဇ္ဇနာ၊ဧရာ(ဘုမ္မာ)၊၆ကွေ့၊ဓမ္မာရုံမှတဆင့် အောင်မင်္ဂလာအဝေးပြေးမှတ်တိုင်သို့ အသွားအပြန်ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။

 

 

No photo description available.

 

 

မသန်စွမ်းသူများအတွက် အဆင်ပြေစေသည့်အချက်

 

SCANIA ယာဉ်ပေါ်တွင် သက်ကြီးရွယ်အိုများအတွက် ထိုင်ခုံနေရာ၊ဝှီးချဲဖြင့် မသန်စွမ်းသူများအတွက် ယာဉ် အတက်အဆင်း၊ထိုင်ခုံများ၊မျက်မမြင်များအတွက်အသံစနစ်နှင့်စီးနင်းသူများ ကို သတင်းအချက်အလက် ပေးသည့်စနစ် စသည်တို့ ပါဝင်မှာဖြစ်ပါတယ်။

 

Myanmar Automobile Equipment Directory

 

 
Read times
Rate this item
(2 votes)