Local Industry



မန္တလေးမြို့တွင် ဘီးခွန်အတုပြုလုပ်သူများ ဖမ်းဆီးရမိပြီးနောက် လုံခြုံမှုပိုမိုကောင်းမွန်စေရန် နည်းပညာထည့်သွင်းအသုံးပြုမည်

မန္တလေးမြို့တွင် ဘီးခွန်အတုပြုလုပ်သူများ ဖမ်းဆီးရမိပြီးနောက် လုံခြုံမှုပိုမိုကောင်းမွန်စေရန် နည်းပညာထည့်သွင်းအသုံးပြုမည် google

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ မန္တလေးမြို့အတွင်း သွားလာသော ယာဉ်များအတွက် ထုတ်ပေးထားသည့် ဘီးခွန်ကို အတုပြုလုပ်သူများအား သြဂုတ် ၂၈ ရက်က ဖမ်းဆီးရမိလိုက်သည့်အတွက် နောက်ပိုင်းတွင် လုံခြုံမှုပိုကောင်းမွန်စေရန် နည်းပညာထည့်သွင်း၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါကော်မတီမှ သိရသည်။

 

‘‘မြစ်ငယ်-ထုံးဘိုဂိတ်မှာ သွားလာနေတဲ့ကားတွေကို ဘီးခွန်စစ်ဆေးရင်းနဲ့ ဘီးခွန်အတုတွေ့တယ်၊ သြဂုတ် ၂၈ ရက် ညတွင်းချင်းပဲ လိုက်စုံစမ်းပြီး ကွင်းဆက်တရားခံအားလုံး ဖမ်းမိခဲ့ပါတယ်၊ အခုလို ဘီးခွန်အတု လုပ်တာကို ဖမ်းမိတာ ပထမဦးဆုံးဖြစ်တယ်၊ နောက်ပိုင်း အတုလုပ်လို့မရအောင် နည်းပညာ ထည့်သွင်းအသုံးပြုပြီး လုပ်ဆောင် သွားမယ်’’ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ဖြစ်စဉ်မှာ သြဂုတ်၂၈ ရက် ည ၇ နာရီခွဲခန့်က အမရပူရမြို့နယ် ထုံးဘိုတန်ပိုဂိတ်တွင် အခွန်ဌာနမှ ဌာနစုမှူး ဦးမျိုးအောင်နှင့် အဖွဲ့၊ စည်ပင်သာယာ ရဲတပ်ဖွဲ့ (မန္တလေး)မှ ဒုရဲအုပ်အောင်မျိုးချစ် ပါ တပ်ဖွဲ့ဝင်လေးဦးတို့သည် မြို့ဝင် ကားများအား ဘီးခွန်စစ်ဆေး ဆောင်ရွက်နေစဉ် ရန်ကုန်-မန္တလေးလမ်း ဟောင်းအတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်း ဦးသန်းဇော် မောင်းနှင်သည့် မော်တော်ယာဉ်အမှတ် 9L/—- ၊ Nissan အမျိုးအစား ခြောက်ဘီးယာဉ်ကို စစ်ဆေးရာမှ ဘီးခွန်အတု ပြုလုပ်ထားသည်ကို တွေ့ရှိခဲ့ကြောင်း၊ ထို့ကြောင့် သတင်းရရချင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်း၍ ယာဉ်မောင်းဖြစ်သူ ဦးသန်းဇော်ကို စစ်ဆေးမေးမြန်းခဲ့ပြီး ဖော်ထုတ်စစ်ဆေးချက်အရ ဘီးခွန်အတု လုပ်နေသူ အားလုံးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

 

>>>Insurance Agents ကားအာမခံလုပ်ငန်း ၆၈ ခုကိုရှာရန်နှိပ်ပါ။<<<

 

‘‘တစ်ဆက်တည်းမှာပဲ နောက်ထပ်တခြားယာဉ်လိုင်စင်တို့၊ ယာဉ် မောင်းလိုင်စင်တို့ အတုတွေ လုပ်နေတဲ့ သူတွေပါ ဖမ်းဆီးနိုင်ခဲ့တယ်၊ အားလုံး စုစုပေါင်းရှစ်ဦးကို မြစ်ငယ်ရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်’’ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

 

မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ စာတမ်းပါ ဘီးခွန်များနှင့် ကညန၏ လုံခြုံရေး ကန့်သတ်ပစ္စည်းများ အတုပြုလုပ် သူများဖြစ်ကြသည့် ဝင်းအောင်(ခ) ဦးဝင်း၊ စိုးနိုင်၊ ငြိမ်းချမ်း၊ မိုးမခ(ခ) မိုးမင်း၊ မြတ်မင်းသော် (ခ)ဖြိုးကို၊ မျိုးသူရဇော် (ခ) မျိုးလေး၊ ခိုင်ဇော် ထွန်း (ခ) ဖက်တီး၊ ဝင်းထိန် (ခ) ဝင်းအောင်တို့ပါ ရှစ်ဦးကို မြစ်ငယ် ရဲစခန်းမှ (ပ) ၅၉၅/၂ဝ၁၉ ရာဇ သတ်ကြီးပုဒ်မ ၄၈၉/၄၂ဝ/၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)