Local Industry



ကုန်သေတ္တာတင်ယာဉ်များ မောင်းနှင်သွားလာခွင့်ကို ည ၈ နာရီမှ နံနက် ၆ နာရီအတွင်း သတ်မှတ်ထားပြီး ယာယီပြေးဆွဲခွင့်ဖြင့် နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း ထပ်တိုးခွင့်ပြုထား

ကုန်သေတ္တာတင်ယာဉ်များ မောင်းနှင်သွားလာခွင့်ကို ည ၈ နာရီမှ နံနက် ၆ နာရီအတွင်း သတ်မှတ်ထားပြီး ယာယီပြေးဆွဲခွင့်ဖြင့် နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း ထပ်တိုးခွင့်ပြုထား google

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်သေတ္တာတင်ယာဉ်များ မောင်းနှင်သွားလာခွင့်ကို ည ၈ နာရီမှ နံနက် ၆ နာရီအတွင်း သတ်မှတ်ထားပြီး ယာယီပြေးဆွဲခွင့်ဖြင့် နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း ထပ်တိုး ခွင့်ပြုပေးထားကြောင်း ကုန်စည်ပို့ဆောင်ရေးအသင်းမှ သိရသည်။

 

ကုန်သေတ္တာတင်ယာဉ် မောင်းနှင်ခွင့်ပြုသည့် အချိန်သတ်မှတ်ချက်နှင့်ပတ်သက်ပြီး အသင်းတာဝန် ရှိသူများက တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြတောင်းဆိုခဲ့ရာ ယခင်သတ်မှတ်ထားသည့် အချိန်ထက် တစ်နာရီစော၍ ည ၈ နာရီမှ နံနက် ၆ နာရီအတွင်း သတ်မှတ်ပေးခဲ့သည်။ ထို့ပြင် ကုန်စည်စီးဆင်းမှုများ လွယ်ကူစေရန် ရည်ရွယ်၍ နေ့လယ် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်းကို ယာယီခွင့် ပြုမှုဖြင့် ပြေးဆွဲခွင့်ပြုထားသည်။

 

‘‘ကုန်သေတ္တာယာဉ်တွေကို ၂ဝ၁၆ ခုနှစ်ကတည်းက ည ၉ နာရီကနေ နံနက် ၆ နာရီအတွင်း သွားလာခွင့်ပြုခဲ့ပါတယ်၊ နောက်ပြီး ည ၈ နာရီကနေ နံနက် ၆ နာရီအတွင်း ခွင့်ပြုထားပါတယ်၊ ယာဉ်ကြော ကျပ်တည်းမှုလည်း မဖြစ်အောင်၊ ကုန်စည်စီးဆင်းမှုလည်း လွယ်ကူအောင် ယာယီခွင့်ပြုချက်နဲ့ ရုံးချိန်ပြင်ပ နံနက် ၁၁ နာရီကနေ ညနေ ၃ နာရီ အတွင်း သွားလာခွင့်ကို ခွင့်ပြုပေးထားပါတယ်၊ ဒီယာယီခွင့်ပြုချက်ကို အမြဲတမ်းအနေနဲ့ ခွင့်ပြုပေးနိုင်ဖို့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ရှိပါတယ်’’ဟု YRTA အဖွဲ့ဝင် (ကုန်စည်ပို့ဆောင်ရေးအသင်း)မှ ဦးအေးအောင်က ပြောကြားသည်။

 

မြန်မာနိုင်ငံ ကုန်သေတ္တာတင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်သေတ္တာတင်ယာဉ်များ သွားလာခွင့်ကို သတ်မှတ်ချိန်အပြင် နံနက် ၁၁ နာရီမှ ၃ နာရီ အတွင်း၌လည်း မောင်းနှင်သွားလာ ခွင့်ပြုရန် တောင်းဆိုခဲ့ခြင်းကြောင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)