Local Industry



Chevrolet Myanmar မှ Trailblazer ကို မိုးရာသီပရိုမိုးရှင်း အစီအစဉ်ဖြင့် ရောင်းချမည်

Chevrolet Myanmar မှ Trailblazer ကို မိုးရာသီပရိုမိုးရှင်း အစီအစဉ်ဖြင့် ရောင်းချမည် facebook

Chevrolet Myanmar မှ မိုးရာသီပရိုမိုးရှင်း အစီအစဉ်ဖြင့် Chevrolet Trailblazer ကို ရက် အကန့်အသတ်မရှိ ရောင်းချမည် ဖြစ်သည်။ Chevrolet Trailblazer သည် 2.8Turbo အင်ဂျင် တပ်ဆင် ထားသော ခုနစ်ယောက်စီး SUV ကားအမျိုးအစား ဖြစ်သည်။

 

ကားအရှေ့ဘက်တွင် တစ်မူထူးခြားသည့် ဒီဇိုင်းများဖြင့် ဖန်တီးထားပြီး LED Daytime Running Light တပ်ဆင်ထားသည်။ ကားအတွင်းခန်းတွင် ကြည်လင်ပြတ်သားစွာ မြင်နိုင်သော 8-inch Monitoring Touch Screen ၊ Tire Pressure တို့ကို ဖော်ပြပေးနိုင်သည့် စနစ်တို့ပါဝင်ပြီး နောက်ခန်းထိုင်ခုံများကိုလည်း အလွယ်တကူ ခေါက်သိမ်းနိုင်သည်။ တောင်တက်၊ တောင်ဆင်းလမ်းများတွင် နောက်ပြန်လိမ့်ခြင်းနှင့် ကုန်းဆင်းများတွင် ရှေ့သို့ လျှောကျခြင်းတို့မှ ကာကွယ်ပေးမည့် Hill Start Assist နှင့် Hill Descent Control တို့ ပါဝင်သောကြောင့် တောင်ပေါ်ဒေသများတွင်လည်း အသုံးဝင်သည်။ မြို့တွင်း၊ မြို့ပြင် လမ်းများ၌ ယာဉ်မတော်တဆအန္တရာယ်မှ ကာကွယ်ပေးနိုင်သည့် Forward Collision Alert ၊ Rear Cross Traffic Alert ၊ Side Blind Zone Alert နှင့် Lane Keep Assist with Lane Change Alert တို့ ပါဝင်သည်။

 

‘‘Chevrolet Myanmar ကနေ မိုးရာသီပရိုမိုးရှင်း အစီအစဉ်နဲ့ Chevrolet Trailblazer ကို မူရင်းဈေးကနေ အမေရိကန်ဒေါ်လာ ကိုးထောင်အထိ ဈေးလျှော့ ရောင်းချမှာ ဖြစ်ပါတယ်၊ ပရိုမိုးရှင်း အစီအစဉ်ကို ရက်မကန့်သတ်ထားပေမဲ့ အစီးရေကိုတော့ အကန့်အသတ်နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်’’ဟု Chevrolet Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

Chevrolet Myanmar မှ မိုးရာသီပရိုမိုးရှင်း အစီအစဉ်ဖြင့် Chevrolet Trailblazer ကို မူရင်းဈေး အမေရိကန်ဒေါ်လာ ၇၅,ဝဝဝ မှ အမေရိကန်ဒေါ်လာ ၆၅,၉၉၉ ဒေါ်လာဖြင့် ဈေးလျှော့ ရောင်းချ မည်ဖြစ်ပြီး ငါးနှစ်၊ သို့မဟုတ် ကီလိုတစ်သိန်း အာမခံပေးသည့်အပြင် Promotion ကာလအတွင်း ဝယ်ယူမည်ဆိုပါက 1 Year Free Service ပေးမည်ဖြစ်ကြောင်း သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)