Local Industry



ကျောင်းကားစီးသည့် ကျောင်းသား/သူများ လုံခြုံရေးအတွက် ပြုလုပ်ထားသော Smart Card ကို အောက်တိုဘာလတွင် စတင်အသုံးပြုမည်

ကျောင်းကားစီးသည့် ကျောင်းသား/သူများ လုံခြုံရေးအတွက် ပြုလုပ်ထားသော Smart Card ကို အောက်တိုဘာလတွင် စတင်အသုံးပြုမည် google

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ယူပြေးဆွဲ ပေးနေသည့် ကျောင်းကားများကို စီးသည့် ကျောင်းသား/သူများ လုံခြုံရေးအတွက် ပြုလုပ်ထားသော Smart Card ကို အောက်တိုဘာလတွင် စတင်အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။

 

ကျောင်းသား/သူများ ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးတို့အတွက် Smart Card စနစ်ကို အကောင်အထည်ဖော်ခြင်းဖြစ်ပြီး ထိုစနစ်ဖော်ဆောင်ရန်အတွက် ကျောင်းသားများ၏ ကိုယ် ရေးအချက်အလက်များ၊ ကျောင်းအမည်များကို စာရင်းပြုစုနေကြောင်း သိရသည်။ လာမည့်စက် တင်ဘာလတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ယူပြေးဆွဲပေးနေသည့် ကျောင်း ၁၂ ကျောင်းမှ ကျောင်းသား/သူ ဦးရေ ၁,၉၃ဝ ကို Smart Card များ ထုတ်ပေးမည်ဖြစ်သည်။

 

‘‘ကျောင်းသား/သူတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးအတွက် အဓိကရည်ရွယ်ပြီး Smart Card ကို ထုတ်ပေးတာ ဖြစ်ပါတယ်၊ ကျောင်းသား/သူတွေရဲ့ အတက်/အဆင်းလုပ်တဲ့အချိန်တွေကို ကျောင်းသားမိဘတွေက မိုဘိုင်းဖုန်းကနေ အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ်၊ Smart Card တွေကို စက်တင်ဘာလထဲမှာ ထုတ်ပေးမှာဖြစ်ပြီး အောက်တိုဘာလမှာ စတင်အသုံးပြုမှာ ဖြစ်ပါတယ်’’ဟု YRTA မှ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောသည်။

 

ကမာရွက် TTC ၊ ရန်ကင်း TTC ၊ သင်္ဃန်းကျွန်း TTC ၊ အထက(၂) မရမ်းကုန်း၊ အထက (၁)လသာ၊ အထက(၂)လသာ၊ အထက(၂) စမ်းချောင်း၊ အမက (၆)မြောက်ဥက္ကလာ၊ အလက(၈)မြောက်ဥက္ကလာ၊ အထက(၁)မြောက်ဥက္ကလာ၊ အမက(၄၆)ရွေပေါက်ကံ၊ အထက(၆)ရွေပေါက် ကံ စသည့် ကျောင်း ၁၂ ကျောင်း တွင် ကျောင်းကား ၁ဝ၇ စီးဖြင့် ကျောင်းသား/သူ ဦးရေ ၁,၉၃ဝ ကို ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)