Local Industry



တစ်ပတ်အတွင်း အရောင်းရဆုံး ကားဈေးနှုန်းများ

ကားဈေးကွက်တွင် နယ်ဒေသအချို့၌ ရေကြီးရေလျှံမှုများဖြစ်နေ၍ အဝယ်အဆင်းနည်းသောကြောင့် ၁၃ဝဝ စီစီကားများနှင့်အတူ ရန်ကုန် လိုင်စင်ရရှိသည့် ပြည်တွင်းထုတ်ကားများလည်း အရောင်းအဝယ် ပြန်အေးသွားသည်။

 

အရောင်းအဝယ်အေးနေ၍ အဝယ်အများစု ကြိုက်နှစ်သက်သည့် နံပါတ်ထွက်ပြီးသား ရန်ကုန်လိုင်စင် ၁၃ဝဝ စီစီ ရောင်း ကားများမှာ ယခင်တက်ဈေးများကို ပြန်ချလာသော်လည်း အဝယ်အေး နေသည်။ အင်ဂျင်ပါဝါအမြင့်ကားများမူ သိသိသာသာ အဝယ် အေးသွားပြီး အမေးများသည့် Kluger ၊ Vanguard ၊ CR-V ၊ Harrier ၊ Land Cruiser စသည့် ကားများလည်း အရောင်းအဝယ် ငြိမ်နေသည်။ ထို့အတူ ရန်ကုန်အဝယ်ရော နယ်အဝယ်ပါ အဆင်းနည်းသောကြောင့် ရန်ကုန်လိုင်စင်ရရှိပြီး အရစ်ကျစနစ်ဖြင့် နှစ်ရှည်ဝယ်ယူနိုင်သော ပြည် တွင်းထုတ် SKD ကားဈေးကွက်မှာလည်း အဝယ်အေးနေသလို Consignment လက်ကျန်ကားများနှင့် CBU ဖြင့် တင်သွင်းထားသော Brand New ကားများလည်း အရောင်းအဝယ် အေးနေသည်။ ကားအရောင်းအဝယ်များ အေးနေခြင်းကြောင့်လည်း ယာဉ်အို၊ ယာဉ်ဟောင်းစလစ်ဈေးများ ကျပ်ငါးသိန်းဝန်းကျင် ပြန်ကျသွားခဲ့သည်။ ကညနမှ နံပါတ်ထုတ်ပေးမှု စာရင်းများအရ 7Q/3078 နှင့် HH/4029 သို့ ရောက်ရှိနေပြီဖြစ်သည်။

 

16.8.2019 မှ 22.8.2019 အတွင်း ယာဉ်ရောင်းဝယ်ရေး စခန်းများမှ အရောင်းရဆုံးကားများကို ဖော်ပြပေးလိုက်ပါတယ်။

 

22.8.19.JPG

 

 

22.8.JPG

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)