Local Industry



ဆိုင်ကယ်စီးဦးထုပ်မဆောင်း၍တရားရုံးဒဏ်ဆောင်ရသူများအား မော်တော်ဆိုင်ကယ်စီးဦးထုပ်များပေးဝေလျှက်ရှိ

ဆိုင်ကယ်စီးဦးထုပ်မဆောင်း၍တရားရုံးဒဏ်ဆောင်ရသူများအား မော်တော်ဆိုင်ကယ်စီးဦးထုပ်များပေးဝေလျှက်ရှိ facebook

မော်တော်ဆိုင်ကယ်စီးနင်းစဉ် ဆိုင်ကယ်စီးဦးထုပ်မဆောင်း၍ ချလန်ဖြတ်အရေးယူခံရသူများအား နေပြည်တော်ကောင်စီ၏စီစဉ်ကြီးကြပ်မှုဖြင့် အရည်အသွေးမှီ စိတ်ချလုံခြုံသည့် ဆိုင်ကယ်စီးဦးထုပ်တစ်လုံးစီ ပြန်လည်ပေးဝေလျှက်ရှိပါသည်။

 

ဦးထုပ်မဆောင်း၍ချလန်ဖြတ်ခံရသူများသည် နေပြည်တော်စည်ပင်သာယာတရားရုံး၌ ဒဏ်ငွေပေးဆောင်ကာ အဆိုပါဒဏ်ငွေဆောင်သည့်ပြေစာပြသသူကို နေပြည်တော် ပျဉ်းမနားစုပေါင်းရုံး (ယာဉ်မှုသေးစစ်ရုံး အခန်း ၁၀၆)တွင် ရုံးဖွင့်ချိန်အတွင်း နေပြည်တော်ကောင်စီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ပေးဝေသည့် မော်တော်ဆိုင်ကယ်စီးဦးထုပ်များကို ပေးဝေလျှက်ရှိပါသည်။

 

အဆိုပါအရည်အသွေးမှီမော်တော်ဆိုင်ကယ်စီးဦးထုပ်များမှာ ဆိုင်ကယ်စီးနင်းစဉ် ဆိုင်ကယ်စီးဦးထုပ်မဆောင်း၍ ချလန်ဖြတ် အရေးယူခံရကာ တရားရုံးဒဏ်ငွေပေးဆောင်သူတို့ကိုသာလျှင် တစ်လုံးစီပြန်လည်ပေးဝေခြင်းဖြစ်ပါသည်။

 

ထို့ပြင် ယာဉ်မှုသေးစစ်ရုံးသို ထောက်ခံစာလာယူသူ တရားရုံးဒဏ်ငွေဆောင်ရန်လာရောက်သူများအား ယာဉ်မှုသေးစစ်ရုံးတာဝန်ခံ ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရုံးခန်းအတွင်း ပရိုဂျက်တာဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ ဟောပြောခြင်း အပြန်အလှန်ဆွေးနွေးခြင်းနှင့် သိရှိလိုသည်များကို ဖြေကြားခြင်းတို့ပြုလုပ်ကာ ယာဉ်/လမ်းစည်းကမ်းအိပ်ဆောင်စာအုပ်များ၊ ရောင်ပြန်စတေကာများ၊ ပညာပေးစာတမ်းပါသော့ချိတ်များ မေတ္တာလက်ဆောင်ပေးဝေလျှက်ရှိပါသည်။

 

NPT_news.jpg

 

 

 

Credit; ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Read times
Rate this item
(1 Vote)