Local Industry



Shwe Daehan Motor မှ ၂ဝ၂ဝ မိုဒယ် SUV ကားအမျိုးအစားသစ် Creta ကို ပြည်တွင်းဈေးကွက်အတွင်း Pre-Order စနစ်ဖြင့် မိတ်ဆက်ရောင်းချ

Shwe Daehan Motor မှ ၂ဝ၂ဝ မိုဒယ် SUV ကားအမျိုးအစားသစ် Creta ကို ပြည်တွင်းဈေးကွက်အတွင်း Pre-Order စနစ်ဖြင့် မိတ်ဆက်ရောင်းချ google

၂ဝ၂ဝ မိုဒယ် Hyundai Creta သည် Shwe Daehan Motor မှ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ် ထားသော Compact SUV ကား အမျိုးအစား ဖြစ်သည်။

 

ဈေးနှုန်းသင့်တင့်ပြီး လောင်စာဆီသက်သာအောင် အသေးစား Compact ပုံစံအဖြစ် ထုတ်လုပ်ထားသလို အတွင်းခန်း ကျယ်ဝန်းအောင်လည်း ပြုလုပ်ထားသည်။ ၂ဝ၂ဝ မိုဒယ် ကားသစ်တွင် ပိုမိုကောင်းမွန်သော လေဝင်ပေါက်နှင့် ဘမ်ပါများ တပ်ဆင်ထားပြီး ဒီဇိုင်းအသစ် နှင်းခွဲ မီးများ တပ်ဆင်ထားသည်။ မိုဒယ်အသစ်တွင် Push-Start Button ၊ Smart Key ၊ Power Seat ၊ Leather Seat ၊ Tilt & Telescopic Steering Wheel နှင့် Digital Aircon တို့ ပါဝင်မည် ဖြစ်သည်။

 

၁၆ဝဝ စီစီ၊ CRDI ဒီဇယ် အင်ဂျင် 6-Speed Auto ဂီယာ အပြင် Semi Manual အဖြစ်လည်း မောင်းနှင်နိုင်သည်။ လမ်းအချိုးအ ကွေ့များ မောင်းနှင်ရာတွင် မြင်နိုင်ရန်ခက်ခဲသော နေရာများကို ရှေ့ဘီး အချိုးအကွေ့အလိုက် မီး အလင်းရောင် ထောက်ပံ့ပေးသော Still Bending Light တပ်ဆင်ထားပြီး အဖြူရောင် LED မီးများကို အချက်ပြမီးအဖြစ် အသုံးပြုထားသည်။ Projector Headlamp LED Positioning မီးလုံးများ တပ်ဆင်ထားပြီး Foglamp မီးကို အောက်ဘက်သို့နှိမ့်၍ တပ်ဆင်ထားသည်။ သာမန်ထက် ထူးခြားသောဒိုင်ခွက်ဖြင့် ဇိမ်ခံကားတစ်စီးပုံစံ ဖန်တီးထားသည်။

 

Hyundai Creta တွင် အပူ အအေး Auto လေအေးပေးစနစ်၊ Speaker လေးလုံး၊ Back Camera တို့ပါဝင်ပြီး Audio System တွင် USB ၊ AUX ၊ Phone Bluetooth စသည့် Function များနှင့် ချိတ်ဆက်နိုင်ကာ Mobile Phone များထဲမှ Music Player ကိုလည်း ချိတ်ဆက် အသုံးပြုနိုင်သည်။

 

စီးနင်းသူလုံခြုံရေးအတွက် အသက်ကယ်လေအိတ် နှစ်လုံးပါဝင်ပြီး သာမန်စတီးလ်ထက် ခိုင်ခံ့သော စတီးလ်ကို ကားကိုယ်ထည်၏ အဓိကအပိုင်းများတွင် အသုံးပြုထားသလို ရုတ်တရက် ဘရိတ်ဖမ်းချိန်တွင် ဘီးကိုတည်ငြိမ်အောင် ထိန်းပေးသော Anti-Lock Brake စနစ်လည်း ပါဝင်သည်။

 

Hyundai Creta ၂ဝ၁၉ မိုဒယ်ကို ကျပ် ၄၄၆ သိန်း (ဝင်ငွေခွန် မပါ)နှင့် Hyundai Creta ၂ဝ၂ဝ မိုဒယ်ကို ကျပ် ၄၅ဝ သိန်း (ဝင်ငွေ ခွန်မပါ)ဖြင့် တရားဝင် အရောင်းကိုယ်စားလှယ်များမှတစ်ဆင့် ရောင်းချပေးနေပြီး သုံးနှစ်၊ သို့မဟုတ် ကီလို မီတာတစ်သိန်း အာမခံပေးထားကာ Down Payment ၂ဝ ရာခိုင်နှုန်း ပေးသွင်း၍ အရစ်ကျစနစ်ဖြင့် လည်းဝယ်ယူနိုင်ကြောင်း သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)