Local Industry



အခွန်အကောက်ဥပဒေသစ်တွင် အထူးကုန်စည်ခွန်ကို ယခုဘဏ္ဍာနှစ်၏ အခွန်စည်းကြပ်မှုနှုန်းထားအတိုင်း ကောက်ခံရန်လျာထား

အခွန်အကောက်ဥပဒေသစ်တွင် အထူးကုန်စည်ခွန်ကို ယခုဘဏ္ဍာနှစ်၏ အခွန်စည်းကြပ်မှုနှုန်းထားအတိုင်း ကောက်ခံရန်လျာထား google

အခွန်အကောက် ဥပဒေသစ်တွင် အထူးကုန်စည်ခွန်ကို ယခုဘဏာ နှစ်၏ အခွန်စည်းကြပ်မှုနှုန်းထား အတိုင်း ကောက်ခံရန် လျာထား ကြောင်း စီမံကိန်းနှင့်ဘဏာရေး ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

 

၂ဝ၁၉-၂ဝ၂ဝ ဘဏာနှစ်အ တွက် အသစ်ထုတ်ပြန်မည့် ပြည် ထောင်စု အခွန်အကောက်ဥပဒေ သစ်တွင် မော်တော်ယာဉ်များအပေါ် ကောက်ခံသည့် အထူးကုန်စည်ခွန် ကို ၂ဝ၁၈-၂ဝ၁၉ ဘဏာနှစ်၏ အခွန်နှုန်းထားအတိုင်း ကောက်ခံ ရန် ပြည်ထောင်စုလွတ်တော်ကို တင်ပြထားသည့် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် ရေးဆွဲထားသည်။ သြဂုတ် ၁၄ ရက်တွင် ပြည်ထောင်စုလွတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၌ ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့ သော ၂ဝ၁၉ ခုနှစ်၊ ပြည်ထောင်စု ၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ကျင်းပခဲ့ရာတွင် မော်တော်ယာဉ် များအပေါ် ကောက်ခံနေသည့် အ ထူးကုန်စည်ခွန်များကို ပြင်ဆင်ရန် အတွက် ဆွေးနွေးခဲ့ခြင်း မရှိကြောင်း သိရသည်။

 

‘‘အသစ်ထုတ်ပြန်မယ့် အခွန် အကောက်ဥပဒေသစ်မှာ မော်တော် ယာဉ်တင်သွင်းမှုအပေါ် ကောက်ခံ မယ့် အထူးကုန်စည်ခွန်ကို လက်ရှိ ဘဏာနှစ်ရဲ့ကောက်ခံတဲ့ နှုန်းထား အတိုင်း ဆက်လက် ကောက်ခံဖို့ လျာထားပါတယ်၊ ပြည်ထောင်စု လွတ်တော်မှာ လွတ်တော်အမတ် တွေက ပြောင်းလဲ သတ်မှတ်ပေးဖို့ တင်သွင်းမယ်ဆိုရင်တော့ မဲခွဲဆုံး ဖြတ်ပြီး အတည်ပြုသွားမှာ ဖြစ်ပါ တယ်’’ဟု စီမံကိန်းနှင့် ဘဏာရေး ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

၂ဝ၁၉-၂ဝ၂ဝ ဘဏာနှစ်အ တွက် အထူးကုန်စည်ခွန်သတ်မှတ် ရာတွင် ၁၅ဝဝ စီစီနှင့်အောက် ကားများကိုသာ အခွန်ကင်းလွတ် ခွင့်ပေးပြီး ၁၅ဝ၁ စီစီမှ ၂ဝဝဝ စီစီအထိကို ၁ဝ ရာခိုင်နှုန်း၊ ၂ဝဝ၁ စီစီမှ ၄ဝဝဝ စီစီအထိကို ၃ဝ ရာခိုင်နှုန်း၊ ၄ဝဝဝ စီစီအထက်ကို ၅ဝ ရာခိုင်နှုန်း ကောက်ခံရန် လျာထားကြောင်း သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)