Local Industry



မော်တော်ယာဉ်ဝယ်ယူပါက ကျပ်သိန်းတစ်ထောင်အထိကို ဝင်ငွေခွန်(ငွေဖြူမရှိသူများပေးဆောင်ရငွေ) ၃ ရာခိုင်နှုန်းသာ ကောက်ခံရန် ပြည်ထောင်စုလွတ်တော်တွင်တင်ပြ

မော်တော်ယာဉ်ဝယ်ယူပါက ကျပ်သိန်းတစ်ထောင်အထိကို ဝင်ငွေခွန်(ငွေဖြူမရှိသူများပေးဆောင်ရငွေ) ၃ ရာခိုင်နှုန်းသာ ကောက်ခံရန် ပြည်ထောင်စုလွတ်တော်တွင်တင်ပြ google

၂ဝ၁၉ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေတွင် စည်းကြပ်မှု လွတ်ကင်းနေသည့်ငွေဖြင့် မော် တော်ယာဉ်ဝယ်ယူပါက ကျပ်သိန်း တစ်ထောင်အထိကို ၃ ရာခိုင်နှုန်း သာကောက်ခံရန် စီမံကိန်းနှင့် ဘဏာရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ဒုတိယအကြိမ် ပြည်ထောင်စု လွတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်း အဝေး နဝမနေ့တွင် တင်ပြခဲ့ကြောင်း သိရသည်။

 

နိုင်ငံတော်၏ စီးပွားရေးအနေ အထားအရ စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေများကို ပြည် သူများမှ အခွန်အခ သက်သာစွာ ထမ်းဆောင်နိုင်ရန်နှင့် အခွန်သက်သာသောကြောင့် လွတ်ကင်းနေသော ဝင်ငွေခွန်များကို နိုင်ငံတော် ဘဏာအဖြစ်ရရှိစေရန် ရည်ရွယ် ပြီး လက်ရှိ ကောက်ခံနေသော ဝင်ငွေခွန် နှုန်းထားများကို ဖြေ လျှော့ပေးရန် စီမံကိန်းနှင့်ဘဏာ ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တင်ပြခဲ့ခြင်း ဖြစ်သည်။

 

‘‘ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၁ဝဝ၊ ပုဒ်မခွဲ(ခ)မှာ နိုင်ငံတော်ရဲ့ အမျိုးသားစီမံကိန်း၊ နှစ်စဉ်ရသုံး ခန့်မှန်းခြေ ငွေစာရင်းနဲ့ အခွန်အ ကောက်ဆိုင်ရာ ဥပဒေကြမ်းတွေကို သတ်မှတ်ထားတဲ့ နည်းလမ်းတွေနဲ့ အညီ ပြည်ထောင်စုလွတ်တော်ကနေတစ်ဆင့် ဆွေးနွေးဆုံးဖြတ်ရမှာဖြစ်လို့ ၂ဝ၁၉ ခုနှစ်အတွက် အခွန် အကောက်ဥပဒေမူကြမ်းကို တင်ပြတာ ဖြစ်ပါတယ်၊ စည်းကြပ်မှုကနေ လွတ်ကင်းနေတဲ့ ဝင်ငွေခွန်တွေ ကို လက်ရှိကောက်ခံနေတဲ့ နှုန်းထားတွေအောက် လျှော့ချဖို့အတွက် တင်ပြရတဲ့ရည်ရွယ်ချက်က နိုင်ငံရဲ့ စီးပွားရေးအနေအထားအရ လွတ်ကင်းနေတဲ့ ဝင်ငွေရလမ်းတွေကို အခွန်သက်သက်သာသာနဲ့ ပြည်သူတွေ ထမ်းဆောင်စေဖို့အတွက် ဖြစ်ပါတယ်၊ အခွန်ထမ်း ပြည်သူတွေများလာရင် နိုင်ငံတော်အခွန်ဘဏ္ဍာလည်း ပိုမိုရရှိမှာ ဖြစ်တဲ့အတွက် မူကြမ်းမှာဖြေလျှော့ပေးဖို့ ရေးဆွဲတင်ပြခဲ့တာ ဖြစ်ပါတယ်၊ မူကြမ်းပါအတိုင်း ခွင့်ပြုခဲ့ ရင် ဝင်ငွေရလမ်းကင်းလွတ်နေတဲ့ငွေနဲ့ ကားပဲဝယ်ဝယ်၊ အိမ်၊ခြံ၊ မြေ တိုက်ခန်းပဲဝယ်ဝယ် သိန်းတစ် ထောင်အထိကို ၃ ရာခိုင်နှုန်းပဲ ပေးဆောင်ရမှာဖြစ်ပါတယ်၊ ပြည်ထောင်စုလွတ်တော်မှာ တင်ပြထားတဲ့ အခွန်အကောက်ဥပဒေက ခေတ်နဲ့လျော်ညီအောင် ရေးဆွဲထားတာ ဖြစ်တဲ့အတွက် ပြင်ဆင်ချက်နည်းနည်းနဲ့ ဆွေးနွေးအတည် ပြုပေးဖို့ကိုလည်း ပြည်ထောင်စု လွတ်တော်မှာ တစ်ပါတည်း တင်ပြခဲ့ပါတယ်’’ ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ပြည်ထောင်စုလွတ်တော်ထံ တင်ပြထားသည့် ၂ဝ၁၉ ခုနှစ်အတွက် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေမူကြမ်းတွင် အခန်း ပေါင်း ၁ဝ ခု၊ အပိုဒ်ရေ လေးဆယ်ကျော် ပါဝင်မည်ဖြစ်ပြီး စည်းကြပ်မှု မှလွတ်ကင်းနေသော ဝင်ငွေများအပေါ် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထားများအတွက် မူကြမ်းသတ် မှတ်ရာတွင် တစ်ကျပ်မှ ကျပ်သိန်းတစ်ထောင်အထိကို ၃ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင်အထက်မှ ကျပ်သိန်း သုံးထောင်အထိကို ၅ ရာခိုင်နှုန်း၊ ကျပ်သိန်းသုံးထောင်အထက်မှ ကျပ်သိန်းသုံးသောင်းအထိကို ၁ဝ ရာခိုင်နှုန်းနှင့် ကျပ်သိန်းသုံးသောင်းအထက်ကို ၃ဝ ရာခိုင်နှုန်းဖြင့် လျှော့ချကောက်ခံရန် လျာထားကြောင်း သိရသည်။

 

custom_policy.jpg

 

 

Source; Automobile Journal

Read times
Rate this item
(2 votes)