Local Industry



ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် နယ်လိုင်စင်တက္ကစီများကိုထိန်းချုပ်ကန့်သတ်ရန် ဌာနနှစ်ခုနှင့် YRTA တို့ ဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် နယ်လိုင်စင်တက္ကစီများကိုထိန်းချုပ်ကန့်သတ်ရန် ဌာနနှစ်ခုနှင့် YRTA တို့ ဆွေးနွေး google

ရန်ကုန်တိုင်းဒေသကြီး အတွင်း ပြေးဆွဲနေသည့် နယ်လိုင်စင် တက္ကစီများကို ထိန်းချုပ်ကန့် သတ်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကုန်း လမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန (လုပ်ငန်းလိုင်စင်ဌာန)နှင့် YRTA တို့ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

 

ရန်ကုန်လိုင်စင် တက္ကစီများကို City Taxi မှတ်ပုံတင်ပြုလုပ်ရန်အ တွက် အကြိမ်ကြိမ် နှိုးဆော်အသိ ပေးမှုများသာရှိပြီး ရန်ကုန်မြို့ တွင်း ပြေးဆွဲနေသည့် နယ်လိုင်စင် တက္ကစီများကိုမူ အရေးယူမှုနှင့် ထိန်းချုပ်ကန့်သတ်ခြင်း မရှိသည့် အပေါ် ဝေဖန်မှုများ ရှိနေခြင်းနှင့် ပတ်သက်၍ YRTA အနေဖြင့် ဌာန နှစ်ခုနှင့် ချိတ်ဆက်ဆောင်ရွက်ရန် စီစဉ်နေသည်။

 

‘‘ရန်ကုန်တိုင်းဒေသကြီး အ စိုးရအဖွဲ့က ချမှတ်တဲ့ စည်းမျဉ်း အတိုင်း ရန်ကုန်လိုင်စင်တက္ကစီတွေ ပဲ City Taxi မှတ်ပုံတင်ပြုလုပ်ပေး ပါတယ်၊ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လမ်းပန်းဆက် သွယ်ရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့ စီမံချက်နဲ့ ခွင့်ပြုပေးထားတဲ့ နယ် လိုင်စင်တက္ကစီတွေကျတော့ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတာကို ကန့်သတ်မှုမရှိဘူးဆိုပြီး ဝေဖန် နေတာ တွေ့ရပါတယ်၊ ရန်ကုန် လိုင်စင်တက္ကစီတွေကို City Taxi မှတ်ပုံတင် ပြုလုပ်ခိုင်းရတဲ့ ရည် ရွယ်ချက် သုံးချက်ရှိပါတယ်၊ နောင် တစ်ချိန်မှာ အစိုးရအဖွဲ့အနေနဲ့ City Taxi တွေကို မြို့တော်အင်္ဂါ ရပ်နဲ့ ကိုက်ညီအောင် ဆောင်ရွက် တဲ့အခါ လွယ်ကူစေဖို့နဲ့ တက္ကစီ အသုံးပြုတဲ့ ခရီးသွားပြည်သူတွေ ရဲ့ လုံခြုံရေးအဆင့် မြှင့်တင်နိုင်ဖို့ အတွက် အဓိကရည်ရွယ်တာ ဖြစ် ပါတယ်၊ City Taxi မှတ်ပုံတင် ပြု လုပ်ထားရင် အကျိုးမမဲ့ရအောင် YRTA အနေနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန၊ လုပ်ငန်းလိုင်စင်ဌာနတို့နဲ့ ဆွေးနွေးညှိနှိုင်းထားပြီး ရန်ကုန်မြို့ မှာပြေးဆွဲနေတဲ့ နယ်လိုင်စင် တက္ကစီ တွေကို ထိန်းချုပ်ဖို့ ရှိပါတယ်၊ နယ် လိုင်စင်တက္ကစီတွေကို ထိန်းချုပ်ဖို့ အဓိကသက်ဆိုင်တာက တိုင်းဒေသ ကြီး လုပ်ငန်းလိုင်စင်ဌာနတွေ ဖြစ် လို့ Ongoing Process မှာ ကြန့် ကြာနေတာဖြစ်ပါတယ်’’ဟု YRTA တွဲဖက်အတွင်းရေးမှူးက ဆိုသည်။

 

လက်ရှိတွင် ရန်ကုန်လိုင်စင် ဖြင့် ပြေးဆွဲနေသည့် အငှားယာဉ် များထဲတွင် City Taxi ပြုလုပ်ရန် ကျန်နေသည့် ကားအစီး ငါးထောင် ကျော်မှ သက်တမ်းလွန်ဒဏ်ကြေး ဖြင့် မှတ်ပုံတင် ပြုလုပ်ပေးရာတွင် ၁,၁၁၁ စီးသာ ဆောင်ရွက်ခဲ့ပြီး အစီးလေးထောင်ဝန်းကျင် ကျန်ရှိ နေသေးသည်။ City Taxi မှတ်ပုံ တင်ပြုလုပ်ပေးခြင်းကို နောက်ဆုံး အကြိမ်အဖြစ် အချိန်ကာလ တစ်ခု သတ်မှတ်ပြီး ဒဏ်ကြေးဖြင့် ဆောင် ရွက်ပေးရာတွင် တစ်နှစ်မပြည့်ခင် ကားများကို ကျပ် ငါးထောင်၊ တစ် နှစ်အထိ ကားများကို ကျပ်ရှစ် ထောင်နှင့် တစ်နှစ်အထက် သက် တမ်း ကျော်လွန်သည့်ကားများကို ကျပ် ၁၅,ဝဝဝ ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)