Local Industry



ကညန (ရန်ကုန်) ယာယီပိတ်ပါပြီ

ကညနရုံးဝန်ဆောင်မှုများကို ကိုဗစ်ကပ်ရောဂါ‌ကြောင့်

စက်တင်ဘာ ၁၁ ရက်ကစတင်ကာ ယာယီရပ်နားမည်ဖြစ်ပြီး အခြေအနေတည်ငြိမ်မှသာ လုပ်ငန်းများ ပြန်လည်စတင်မည် ဖြစ်ကာ ဖွင့်လှစ်မည့်ရက်ကို ထပ်မံအသိပေးကြေညာသွားမည်ဖြစ်သည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများ၏
ဝန်ဆောင်မှုလုပ်ငန်းများ ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း
အသိပေးကြေညာခြင်း


Coronavirus Disease 2019(COVID-19) ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်အရ COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး(ရန်ကုန်)၊
တိုင်းဒေသကြီးရုံးခွဲ(ရွာသာကြီး)၊
ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း)၊
ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း)၊
ခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း)၊
ခရိုင်ရုံး(ရန်ကုန်တောင်ပိုင်း)
တို့တွင် ဆောင်ရွက်ပေး လျက်ရှိသော မော်တော်ယာဉ်သက်တမ်းတိုးခြင်းနှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုး ခြင်းလုပ်ငန်းများကို (၁၁.၉.၂၀၂၀)ရက် (သောကြာနေ့)မှစတင်၍ ခေတ္တရပ်ဆိုင်းထား မည်ဖြစ်ပါကြောင်းနှင့် အခြေအနေတည်ငြိမ်မှသာ ပုံမှန်ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီး ဖွင့်လှစ်နိုင်မည့်ရက်အား ကြိုတင်အသိပေး ကြေညာသွားမည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးတင်ပြအပ်ပါသည်။


ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

 

ka_nya_na_notice.jpg

Read times
Rate this item
(0 votes)