Local Industry



မြို့သာစက်မှုဥယျာဉ်ထုတ် SUV အမျိုးအစား Q35 ကားမိတ်ဆက်

မြို့သာစက်မှုဥယျာဉ်ထုတ် SUV အမျိုးအစား Q35 ကားမိတ်ဆက် google

မြန်မာနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်သည့် မော်တော်ကားဈေးကွက်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ ၀င်ရောက် ထိုးဖောက်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း Gold AYA Motors International Group ကုမ္ပဏီ၏ ဒုတိယအထွေထွေမန်နေဂျာ ဂျက်ကီယန်က ပြောသည်။

 

၂၀၁၉ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့၌ ၎င်းတို့ကုမ္ပဏီမှ ပထမဆုံးထုတ်လုပ်သည့် SUV အမျိုးအစား BAIC CHANGE ၏ Q35 ကားကို မြန်မာပြည်ဈေးကွက်၌ စတင်ရောင်းချရန် မိတ်ဆက်သည့် အခမ်းအနား၌ ယခုလို ပြောခဲ့သည်။

 

မြန်မာနိုင်ငံ၏ ပြည်တွင်းထုတ်လုပ်သည့် ကားအမှတ်တံဆိပ် တည်ထောင်သွားမည်ဖြစ်ပြီး မော်တော်ကားတပ်ဆင်ထုတ်လုပ်သည့်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် မြန်မာပြည်တွင်းထုတ် အကောင်းဆုံးမော်တော်ကားကုမ္ပဏီတည်ထောင်ရန် ရည်ရွယ်၍ အရည်အသွေးမီ အဆင်းမြင့်နည်းပညာသုံးကားများ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Gold AYA Motors International Group ကုမ္ပဏီမှ မော်တော်ကားအမျိုးအစား (၇) မျိုးနှင့် ကားမော်ဒယ် (၁၀) မျိုးဖြစ်သည့် အိမ်သုံးဇိမ်ခံကား၊ SUV ကား၊ MPV ကား၊ လုပ်ငန်းသုံးကား၊ ပစ်ကပ်ထရပ်ကား၊ အထူးကားနှင့် New Energy ကားများ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကုမ္ပဏီ၏ နောက်ဆုံးပေါ်ထုတ်ကုန်များနှင့် အဆင့်မြင့်နည်းပညာများကို မြန်မာနိုင်ငံဈေးကွက်အတွင်း မိတ်ဆက်သွားမည်ဖြစ်ပြီး ကားတစ်စီးလုံး ထုတ်လုပ်သည့်အပြင် ယာဉ်နှင့်ပတ်သက်သည့် စက်မှုလုပ်ငန်းများကိုလည်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

၎င်းကုမ္ပဏီမှ တစ်နှစ်လျှင် ကားအစီးရေ ငါးထောင်ခန့် ထုတ်လုပ်ကာ မြန်မာနိုင်ငံဈေးကွက်သို့ ရောင်းချမည်ဖြစ်ပြီး ငါးနှစ်အတွင်း ကားအစီးရေ ငါးသောင်းကျော်အထိ ထုတ်လုပ်ရောင်းချနိုင်ရန်နှင့် မြန်မာပြည်၏ ဈေးကွက်ဝေစု (၁၀) ရာခိုင်နှုန်းကျော် ပိုင်ဆိုင်နိုင်ရန် ရည်မှန်းထားကြောင်း ဂျက်ကီယန်က ပြောသည်။

 

Gold AYA Motors International Group ကုမ္ပဏီသည် ကူမင်းမြို့တွင်ရှိသည့် Shining Star Group မှ “The Belt and Road” စီမံကိန်းကို အကောင်အထည်ဖော်သည့်အနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် မတ်လ၌ MIC ခွင့်ပြုချက်ရကာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့သာစက်မှုဇုန်၌ အမေရိကန်ဒေါ်လာ သိန်း (၃၀၀) ခန့် ရင်းနှီးမြုပ်နှံကာ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

 

 

Source; BETV

Read times
Rate this item
(2 votes)