Local Industry



ဂျပန်ညာမောင်းကားများထက် ပြည်တွင်းထုတ် SKD ကားများ အရောင်းပိုသွက်နေတဲ့ကားဈေးကွက်

ဂျပန်ညာမောင်းကားများထက် ပြည်တွင်းထုတ် SKD ကားများ အရောင်းပိုသွက်နေတဲ့ကားဈေးကွက် google

ယခုနှစ် နှစ်လယ်ပိုင်းမှစတင်ကာ ဂျပန်ညာမောင်းကားများက အရောင်းအဝယ်အေးစက်လာပြီး ပြည်တွင်းထုတ်SKDကားများက အရောင်းပိုသွက်လာခဲ့သည်ဟု ကားအရောင်းစင်တာများထံမှသိရသည်။

 

SKD ကား ဆိုသည်မှာ ပြည်ပမှ တင်သွင်းလာသော အင်ဂျင်အပါအ၀င် အစိတ်အပိုင်းအားလုံးအား ပြည်တွင်း၌ တပ်ဆင်သော စနစ် (Semi Knock-down) ဖြင့် ထုပ်လုပ်သော ကားဖြစ်သည်။SKD ကားများ၏ဈေးကွက်ဝေစုက သုံးနှစ်အတွင်းအမြင့်ဆုံးအခြေအနေကိုရောက်လာခဲ့သည်ဟုလည်း ကားအရောင်းစင်တာပိုင်ရှင်များကဆိုကြသည်။

 

"လွန်ခဲ့တဲ့သုံးနှစ်လောက်အထိက ဂျပန်ကားတွေက ကိုးဆယ်ရာခိုင်နှုန်းလောက်ဈေးကွက်ဝေစုရှိနေတာလေ။အခု ညာမောင်းကားတင်သွင်းခွင့်ပိတ်လိုက်ပြီးတဲ့နောက်မှာ ပြည်တွင်းထုတ်SKDတွေဖက်ကိုလူတွေကစိတ်ဝင်စားမှုပိုမြင့်လာတဲ့သဘောပေါ့။ဒီနှစ်ထဲမှာဆို Suzuki Ertigaက ရောင်းမလောက်တဲ့အနေအထားတောင်ဖြစ်သွားတယ်လေ"ဟု မန္တလေးမြို့ရှိကားအရောင်းစင်တာပိုင်ရှင်ကို လတ်ကဆိုသည်။

 

ပြည်တွင်းထုတ် SKD ကားများအပြင် ပြည်ပမှတင်သွင်းလာသည့် ဘယ်မောင်းကားအမျိုးအစားများကိုလည်း လူစိတ်ဝင်စားမှုပိုမိုမြင့်တက်လာသည့်အခြေအနေတွင်ရှိနေသည်ဟုသိရသည်။"ကားတွေအပေါ်ရွေးချယ်မှု ပြောင်းလာတဲ့သဘောပေါ့။ဂျပန်တစ်ပတ်ရစ်တွေကိုသိန်းသုံးရာလောက်အထိပေးနေရမယ့်စားကားအသစ်တွေဘက်စိတ်ဝင်စားမှုရှိလာတဲ့အခြေအနေပေါ့။လာမယ့်နှစ်တွေမှာတော့ဘယ်မောင်းကားဈေးကွက်က ပိုကောင်းလာမယ့်သဘောမှာရှိနေတယ်"ဟု ဝါရင့်ကားဝယ်ရောင်းတစ်ဦးဖြစ်သူဦးမြင့်စိုးကသုံးသပ်ထားသည်။

 

လက်ရှိပြည်တွင်းကားဈေးကွက်အတွင်းဘယ်မောင်းကားများအနက် Suzuki က ရောင်းအားအကောင်းဆုံးဖြစ်နေပြီး ယခုနှစ်ကုန်ပိုင်းအထိ ကြိုတင်အမှာစားများရ ရှိထားသည်ဟု သိရသည်။ဂျပန်ညာမောင်းကားများအနက် သိန်းနှစ်ရာဝန်းကျင်ဈေးတန်း၌ ဟွန်ဒါဖစ်၊ပရိုဘောက်ကားများကအရောင်းသွက်နေပြီးဘယ်မောင်းကားများအနက် တိုယိုတာဗီယောရ့်အမျိုးအစားကိုလည်း ရွေးချယ်မှုများလျှက်ရှိနေသည်ဟု ကားဈေးကွက်အတွင်းမှသိရသည်။

 

လာမည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ဂျပန် တိုယိုတာမော်တာကော်ပိုရေးရှင်း (Toyota Motor Corporation) ကလည်း သီလ၀ါအထူးစီးပွားရေးဇုန်တွင် SKD စနစ်ဖြင့် တိုယိုတာ ဟိုင်းလက်(ဇ) (Toyota Hilux) ကားများကို တစ်နှစ်လျှင် အစီးရေ (၂၅၀၀) ခန့် ထုတ်လုပ်သွားရန် ယခုနှစ် မေလအကုန်က အတိအလင်း ပြောဆိုထားပြီးဖြစ်သည်။

 

 

Source; BETV

Read times
Rate this item
(2 votes)