Local Industry



ဂျပန်ညာမောင်း တစ်ပတ်ရစ်ကားများ တင်သွင်းခွင့် ပိတ်လိုက်ခြင်းနှင့် အတူ နှစ်လအတွင်း ကားအရောင်းစင်တာ ၁ဝ ခု ပိတ်သိမ်း

ဂျပန်ညာမောင်း တစ်ပတ်ရစ်ကားများ တင်သွင်းခွင့် ပိတ်လိုက်ခြင်းနှင့် အတူ နှစ်လအတွင်း ကားအရောင်းစင်တာ ၁ဝ ခု ပိတ်သိမ်း google

ဂျပန်ညာမောင်း တစ်ပတ်ရစ်ကားများ တင်သွင်းခွင့် ပိတ်လိုက်ခြင်း နှင့်အတူ နှစ်လအတွင်း ကားအ ရောင်းစင်တာ ၁ဝ ခု ပိတ်သိမ်းခဲ့ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

နှစ်လအတွင်း ကားအရောင်း စင်တာ ၁ဝ ခု ပိတ်သိမ်းခဲ့သော်လည်း လုပ်ငန်း ဆက်လက်လည် ပတ်နေသည့် အရောင်းစင်တာ ၁၁၆ ခုအထိ ကျန်ရှိသေးသည်။ ၂ဝ၁၂ ခုနှစ်မှ ပြီးခဲ့သည့်နှစ် မကုန် ခင်အထိ ကားအရောင်းစင်တာနှင့် ကားအရောင်းပြခန်း ၃၁ ခု ပိတ် သိမ်းခဲ့သည်။ ယခုနှစ် ငါးလတာ အတွင်း ကားအရောင်းစင်တာ ခြောက်ဆယ်ကျော်နှင့် ကားအ ရောင်းပြခန်း သုံးခု စာရင်းရှင်းလင်း ပိတ်သိမ်းခဲ့သလို ဇွန်လနှင့် ဇူလိုင် လတွင်လည်း ကားအရောင်းစင်တာ ၁ဝ ခု ထပ်မံ ပိတ်သိမ်းခဲ့သည်။

 

လက်ရှိအချိန်တွင် ကားအ ရောင်းစင်တာ တစ်ရာကျော်နှင့် ကားအရောင်းပြခန်း ငါးခု စာရင်း ရှင်းလင်း ပိတ်သိမ်းပြီးဖြစ်ပြီး သတ် မှတ်ချက်နှင့် မကိုက်ညီသည့် ကား အရောင်းစင်တာများကိုလည်း ပါ မစ်ထုတ်ပေးခြင်း ယာယီရပ်နား ထားကြောင်း သိရသည်။

 

‘‘ပြီးခဲ့တဲ့နှစ်လထဲမှာ ကားအ ရောင်းစင်တာ ၁ဝ ခု စာရင်းရှင်းပြီး ပိတ်သိမ်းခဲ့ပါတယ်၊ ဒါကြောင့် ဒီနှစ် ထဲမှာ စာရင်းရှင်းပြီးဖြစ်တဲ့ ကား အရောင်းစင်တာ ခုနစ်ဆယ်နဲ့ ကား အရောင်းပြခန်း သုံးခုကို ပိတ်သိမ်း ခွင့်ပြုခဲ့ပါတယ်၊ ခွင့်ပြုပေးထားတဲ့ ကားအရောင်းစင်တာ နှစ်ရာကျော် ထဲက တစ်ရာကျော် ပိတ်သိမ်းသွား တဲ့အတွက် ၁၁၆ ခုပဲ ကျန်ပါတယ်၊ ကား အရောင်းပြခန်းတွေကတော့ ၄၃ ခုအထိ ရှိပါတယ်၊ လိုက်နာရ မယ့် စည်းကမ်းတွေနဲ့ ကိုက်ညီမှု မရှိတဲ့ ကားအရောင်းစင်တာ တ ချို့ကိုလည်း စာရင်းရှင်းလင်းပြီး ပိတ်သိမ်းဖို့ ညွန်ကြားထားတာ ရှိ ပါတယ်’’ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

 

ဂျပန် ညာမောင်းကားများ တင်သွင်းခွင့် ပိတ်လိုက်သော ကြောင့် စာရင်းရှင်းလင်းပြီး ပိတ် သိမ်းရန် တင်ပြထားသည့် ကားအ ရောင်းစင်တာများ ရှိသော်လည်း ကားသစ်ဈေးကွက် အားကောင်း လာခြင်းကြောင့် အသစ်ဖွင့်လှစ် ရောင်းချခွင့်ပြုရန် တင်ပြထားသည့် ကားအရောင်းပြခန်း တစ်ခုရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)