Local Industry



Mitsubishi Motors မှ SUV ကားအမျိုးအစား The New ASX ကို Pre-Order ဖြင့် ရောင်းချမည်

Mitsubishi Motors မှ SUV ကားအမျိုးအစား The New ASX ကို Pre-Order ဖြင့် ရောင်းချမည် facebook

Mitsubishi Motors မှ SUV ကားအမျိုးအစား The New ASX ကို Pre-Order ဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

 

The New Mitsubishi ASX သည် SUV ကားအမျိုး အစားဖြစ်ပြီး 2.0L 16-Valve Inline-4 DOHC MIVEC အင်ဂျင် အသုံးပြုထားကာ 5-Speed Auto Gear တပ်ဆင်ထားသည်။ ကားအပြင်ပိုင်း ပုံသဏဥာန်တွင် LED Headlamps ၊ Daytime Running Light/Fog Lamps ၊ Rear Combination Lamps တို့ကို Dynamic Shield ထည့်သွင်းထားသော ကိုယ်ပိုင်ဒီဇိုင်းအသစ်ဖြင့် Styled For Adventure ဒီဇိုင်းဖန်တီးထားကာ 18-Inches Alloy Wheel များဖြင့် ဒီဇိုင်းဆင် ထားသည်။ 2.0L ဓာတ်ဆီအင်ဂျင် သည် ဆီစားနှုန်း သက်သာပြီး 5.3m Turning Radius ဖြစ်၍ မြို့တွင်းလမ်းများတွင် အချိုးအ ကွေ့ကောင်းစွာ လုပ်ဆောင်နိုင် သကဲ့သို့ ပါကင်ပြုလုပ်ရာတွင်လည်း လွယ်ကူမည် ဖြစ်သည်။ လုံခြုံရေး စနစ်အတွက် အသက်ကယ်လေ အိတ် ခုနစ်လုံး ၊ HSA ၊ ASC ၊ TRC ၊ ABS နှင့် EBD စနစ်တို့ကို ထည့်သွင်းထားသည်။

 

‘‘၂ဝ၂ဝ မိုဒယ် The New Mitsubishi ASX ကို Real Diamond ၊ White Pearl နဲ့ Black Mica ဆိုပြီး အရောင်သုံးမျိုးနဲ့ ဝယ်ယူနိုင်ပါတယ်၊ Made in Japan ၊ Direct Import ကား ဖြစ်ပြီး Leather ထိုင်ခုံတွေ တပ်ဆင်ပေးထားပါတယ်၊ ဖုန်းပြောဆိုဖို့နဲ့ သီချင်းနားထောင်ဖို့အတွက် USB ၊ Blutooth ချိတ်ဆက် အသုံး ပြုနိုင်တဲ့ ရှစ်လက်မ Touch Screen New SDA ပါဝင်ပြီး စပီကာ ခြောက်လုံးလည်း ပါဝင်ပါတယ်’’ဟု Mitsubishi Motors မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

 

The New Mitsubishi ASX ကို အမေရိကန်ဒေါ်လာ ၄၂,၉ဝဝ ဖြင့် ရောင်းချပေးမည် ဖြစ်သည်။ The New Mitsubishi ASX ကားများကို လက်ငင်းစနစ်အပြင် အရစ်ကျစနစ်ဖြင့်လည်း ရောင်းချ ပေးနေပြီး ကီလိုမီတာ တစ်သိန်း၊ သို့မဟုတ် သုံးနှစ် Warranty ပေးထားကြောင်း သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)