Local Industry



CBU ကားဈေးကွက် အားကောင်းမလာခြင်းကြောင့် ဖရီးပါမစ်ဖြင့် ခုနစ်စီးသာ လျှောက်ထားမှုရှိ

CBU ကားဈေးကွက် အားကောင်းမလာခြင်းကြောင့် ဖရီးပါမစ်ဖြင့် ခုနစ်စီးသာ လျှောက်ထားမှုရှိ facebook

ပြည်ပမှ အလုံးစုံ တင်သွင်းသော CBU ကားဈေးကွက် အားကောင်း မလာခြင်းကြောင့် ဇူလိုင်လတွင် လည်း ဖရီးပါမစ်ဖြင့် ခုနစ်စီးသာ ပါမစ် လျှောက်ထားမှုရှိကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

 

လက်ရှိ ကားဈေးကွက်အ တွင်း ဂျပန်ညာမောင်းကားများမှာ တက်ဈေးဖြင့် အရောင်းအဝယ်ဖြစ် နေသလို SKD ကားများလည်း အထိုက်အလျောက် ဝယ်လိုအား ကောင်းနေသည်။ သို့သော် ပြည်ပ မှ အလုံးစုံ တပ်ဆင်ထားသော CBU ကားများမှာ ဘယ်မောင်းတစ် မျိုးတည်းကိုသာ တင်သွင်းခွင့်ပြု ခြင်း၊ ရန်ကုန်လိုင်စင်ပိတ်ထားခြင်း၊ ၂ဝ၁၇ မိုဒယ်နှင့်အထက်သာ တင် သွင်းခွင့်ပေးခြင်းတို့ကြောင့် တင် သွင်းသူနည်းသွားပြီး ဇူလိုင်လတွင် ခုနစ်စီးသာ တင်သွင်းမှုရှိခဲ့သည်။

 

တစ်ဦးချင်း ဖရီးပါမစ်ဖြင့် ကား တင်သွင်းမှုမှာ မရှိသလောက် လျော့ နည်းသွားသလို ဘယ်မောင်းကား များကိုသာ တင်သွင်းခွင့်ရမည့်မူဝါဒ ကြောင့် တစ်ဦးချင်းယာဉ်အို/ဟောင်း စလစ်ကပ် တင်သွင်းမှုလည်း လျော့ နည်းသွားပြီး ဇူလိုင်လအတွင်း ၅၄ စောင်သာ ပါမစ် လျှောက်ထားမှု ရှိခဲ့သည်။ ပြည်ပမှ Consignment စနစ်ဖြင့် တင်သွင်းထားသော ကားများအတွက် ဝယ်ယူခွင့်ပါမစ် လျှောက်ထားရာတွင် ကားအရောင်း ပြခန်းများမှ ၄၇၁ စီးနှင့် ကား အရောင်းစင်တာများမှ ၁ဝ၇ စီး ရှိကြောင်း သိရသည်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)