Local Industry



မော်တော်ယာဉ်အမည်ပြောင်း အခွန်ပေးဆောင်ရမည့်တရား၀င်နှုန်းထားသတ်မှတ်

မော်တော်ယာဉ်အမည်ပြောင်း ခွန်ပေးဆောင်ရမည့်တရား၀င်နှုန်းထားတွေကို သတ်မှတ်လိုက်ပြီဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန ညွန်ကြားရေးမှူးမှ ပြောကြားပါတယ်။

 

အမည်ပြောင်းအခွန်ကို မြေပြင်ပေါက်ဈေးအတိုင်း လျှော့ချကောက်ခံဖို့အတွက်ကို ဩဂုတ်လဒုတိယ ပတ်တွင်ညွန်ကြားပေးခဲ့သော်လည်း လက်တွေ့မှာ အငြင်းပွားမှု နှင့် ရှုပ်ထွေးမှု တွေရှိလာသောကြောင့် တရား၀င်နှုန်းထားအသစ်တွေကို သတ်မှတ်ရခြင်းဖြစ်ပါတယ်။

 

တစ်နိုင်ငံလုံး၏ မော်တော်ယာဉ်စီးရေ ထက်၀က်ခန့်ရှိတဲ့ ရန်ကုန်မြို့၏ အခွန်ဦးစီးဌာနမှ မြေပြင်ပေါက်ဈေးကို စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပြီး သတ်မှတ်လိုက်သော နှုန်းထားကတော့ ယခင်ကထက် မော်တော်ယာဉ် မော်ဒယ် အလိုက်ကျပ် ၁၀ သိန်းကနေပြီးတော သိန်း ၅၀ ကွာဟမှုရှိပါတယ်လို့သိရပါတယ်။

 

အခွန်တမ်းကြီးများအခွန်ရုံးနှင့် အလယ်အလတ်အခွန်တမ်းဆိုင်ရာ ရုံးအပါအ၀င် တိုင်းနှင့်ပြည်နယ် အခွန်ဦးစီးမှူးတွေနဲ့ ပြည်ထောင်စုနယ်မြေအခွန်ဦးစီးမှုဌာနကနေမှ အမည်ပြောင်းမော်တော်ယာဉ်တန်ဖိုးများကို မြေပြင်ပကတိတန်ဖိုးနှင့်အညီ သတ်မှတ်ဆောင်ရွက်မှုနှင့် အငြင်းပွားမှုမရှိစေရန် အနီးကပ်စောင့်ကြည့်ကြပ်ဖို့ ကနဦးညွန်ကြားချက်မှာ ဖော်ပြထားပါတယ်။

 

မော်တော်ယာဉ်၀ယ်ယူခြင်း ၊ ရောင်း၀ယ်ခြင်းအတွက် ယာဉ်၏တန်ဖိုးသတ်မှတ်ပြီး အခွန်စည်းကြပ်ခြင်းကိုတော့ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် အခွန်ဦးစီးဌာနမှူးတွေကို လုပ်ပိုင်ခွင့်အပြည့်အ၀ပေးထားကြောင်းသိရပါတယ်။

 

ပြည်တွင်းအခွန်ဦးစီးဌာန ကနေမှ နှစ်စဥ်ထုတ်ပြန်သော မော်တော်ယာဉ်ရာဖြင့်နှုန်း မြေပြင်နှင့်အညီ မော်တော်ယာဉ်အမျိုးအစားသစ်တွေကို ရုံးချုပ်အစီရင်ခံစာမလိုဘဲ ဆုံးဖြတ်ပိုင်ခွင့်ပေးထားကြောင်းသိရပါတယ်။

 

ဆက်စပ်ဖတ်ရှုရန် >> ကားအမျိုးအစား မော်ဒယ်အလိုက် ရာဖြတ်နှုန်းထားများ <<

 

အစိုးရကတော့ မော်တော်ယာဉ်ပိုင်ဆိုင်သူ နှင့် ကညနမှာ မှတ်ပုံတင်ထားသောသူတစ်ဦးတည်းဖြစ်စေရေးမူ၀ါဒကိုတော့ ၂၁၀၉ မှာစတင်ပြီးအကောင်အထည်ဖော်ခဲ့ပါတယ်။ နောက်ပိုင်းတွင် အမည်ပြောင်းအခွန်ဆောင်မှုကို ၃ ရာခိုင်နှုန်းအထိလျှော့ချပေးခဲ့ပါတယ်။

 

အမည်ပြောင်းအခွန် ၃ ရာခိုင်နှုန်း လျှော့ချမှုကိုတော့ ဒီစက်တင်ဘာလ အကုန်တွင်ပြီးဆုံးမည်ဖြစ်ကြောင်းသိရပါတယ်။

 

By Myanmar Automobile Guide

Read times
Rate this item
(10 votes)