Local Industry



သြဂုတ်လအတွင်း ၂ဝဝ၃ မိုဒယ်နှင့်အောက် YBS ဘတ်စ်အစီး ၇ဝဝ ကို အပ်နှံခွင့်ပေးပြီး လူစီးစလစ်ထုတ်ပေးရန် စီစဉ်

သြဂုတ်လအတွင်း ၂ဝဝ၃ မိုဒယ်နှင့်အောက် YBS ဘတ်စ်အစီး ၇ဝဝ ကို အပ်နှံခွင့်ပေးပြီး လူစီးစလစ်ထုတ်ပေးရန် စီစဉ် google

သြဂုတ်လအတွင်း ၂ဝဝ၃ မိုဒယ် နှင့်အောက် YBS ဘတ်စ်အစီး ၇ဝဝ ကို အပ်နှံခွင့်ပေး၍ လူစီး စလစ်ထုတ်ပေးရန် စီစဉ်နေ ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

 

YBS စနစ် ပြောင်းလဲရာတွင် ဝန်ဆောင်မှုကောင်းများ အပြည့် အဝပေးနိုင်ရန်နှင့် ယာဉ်ပိုင်ရှင်များ နစ်နာမှု မရှိစေရန် စက်စွမ်းအား ကျဆင်းလာသော ၂ဝဝ၃ မိုဒယ် နှင့်အောက် YBS ဘတ်စ်များ အပ်နှံပြီး လူစီးစလစ်ပေးရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ထံ တင်ပြထားပြီး လာမည့်လအ တွင်း အပ်နှံခွင့်ပေးနိုင်ရန် ဆောင် ရွက်နေကြောင်း သိရသည်။

 

‘‘၂ဝဝ၃ မိုဒယ်နဲ့အောက် YBS ဘတ်စ်တွေက ကြံ့ခိုင်မှုလျော့ နည်းနေတဲ့အတွက် စနစ်သစ် ပြောင်းလဲရာမှာ လိုက်ပါနိုင်ဖို့ ခက် ခဲနေပါတယ်။ ဒါကြောင့် ၂ဝဝ၃ မိုဒယ်နဲ့အောက် ခရီးသည်တင် ယာဉ် အစီး ၇ဝဝ ကို အပ်နှံခွင့် ပေးပြီး လူစီးစလစ်ထုတ်ပေးဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ကုန်းလမ်းပို့ဆောင် ရေးညွန်ကြားမှုဦးစီးဌာနတို့ကို စာရင်းတင်ပြထားပြီး ဖြစ်ပါတယ်၊ ဒီကားတွေကို လာမယ့်လထဲမှာ စတင်အပ်နှံခွင့်ပြုဖို့ စီစဉ်နေသလို အပ်နှံမယ့် ဘတ်စ်တွေနေရာမှာ အစားထိုးပြေးဆွဲဖို့အတွက်လည်း ယာဉ်သစ်အစီး ၂ဝဝ ပြင်ဆင် ထားပါတယ်’’ဟု ရန်ကုန်တိုင်းဒေ သကြီး အများပြည်သူသယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာ ဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

 

လက်ရှိတွင် ၁၉၉၅ မိုဒယ်မှ ၁၉၉၈ မိုဒယ်အတွင်းခရီးသည် ယာဉ် ၃၆၆၈ စီး အပ်နှံထားမှု အတွက် လူစီးစလစ်များ ပြန်လည် ထုတ်ပေးထားပြီး ၁၉၉၅ မိုဒယ်နှင့် အောက် ခရီးသည်တင်ယာဉ်များ ထဲမှ အစီး ၃ဝ ကျော် အပ်နှံရန် ကျန်ရှိနေသေးသည်။ ၁၉၉၉ မို ဒယ်မှ ၂ဝဝ၃ မိုဒယ်အထိ ခရီး သည်တင်ယာဉ် အစီး ၇ဝဝ ကို အပ်နှံခွင့်ပြုမည်ဆိုပါက လက်ရှိမြင့် တက်နေသော ရန်ကုန်လိုင်စင် စလစ်ဈေးများမှာ အနည်းငယ်ကျ ဆင်းသွားနိုင်ဖွယ်ရှိကြောင်း သိရသည်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)