Local Industry



လိုအပ်လာပါက online booking ဖြင့် လိုင်စင်သက်တမ်းတိုးမည့် ကားအစီးရေများကို လျှော့ချမည်

COVID-19 ဒုတိယလှိုင်းကြောင့်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း

ပညာပေးသင်တန်း များနှင့် ယာဉ်မောင်းလိုင်စင်ဖြေဆိုခြင်းလုပ်ငန်းများကို ခေတ္တရပ်နားထားပြီး ကျန်လုပ်ငန်းများကို online booking စနစ်ဖြင့် ဆက်လက်ဆောင်ရွက်ပေးနေသော်လည်း လိုအပ်လာပါက online booking ဖြင့် လိုင်စင်သက်တမ်းတိုးမည့် ကားအစီးရေများကို လျှော့ချသွားဖြစ်ကြောင်း ရန်ကုန်တိုင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

လတ်တလောပြန်လည်ဖြစ်ပွားနေသည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်အရ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးအတွက် လူစုလူဝေးဖြင့် ဆောင်ရွက်ရ သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေးသင်တန်းများ၊ ၎င်းသင်တန်းများနှင့်ဆက်စပ်နေသည့် ယာဉ်မောင်းလိုင်စင် ဖြေဆိုခြင်းလုပ်ငန်းများကို စက်တင်ဘာ ၃ ရက်မှစ၍ခေတ္တရပ်နားထားခဲ့ပြီးဖြစ်ကာ ကျန်လုပ်ငန်းများကို ကျန်းမာရေးဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးနေသော်လည်း လိုအပ်ပါက လူစုလူဝေးဖြစ်မှုကို လျှော့ချသွားမည် ဖြစ်သည်။
ကညနရုံး (မြင်သာအနေဖြင့် ဇွန်လ မှစ၍ ရုံးဖွင့်ရက်များမှာသာမက စနေနေ့ကိုပါရုံးများဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ကာ ယခုအခါ ယာယီရပ်နားလိုက်ကြောင်း သိရသည်။
ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ပညာပေးသင်တန်းများ၊ ၎င်းနှင့်ဆက်စပ်နေသည့် ယာဉ်မောင်းလိုင်စင်ဖြေဆိုခြင်းလုပ်ငန်းများကို ပြီးခဲ့သည့် ဩဂုတ်လ ၄ ရက်တွင် ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ COVID-19 ရောဂါ ပြည်တွင်းကူးစက်မှု များပြားလာသည့်အတွက်စက်တင်ဘာ ၃ ရက်မှစတင်ကာ ယာယီပြန်လည်ရပ်နားကာ ပြန်လည်ဆောင်ရွက်ပေးမည့်နေ့ကို အသိပေးကြေညာသွားမည်ဖြစ်ကြောင်းသိရသည်။
Transcom

Read times
Rate this item
(3 votes)