Local Industry



Double Cab များကို ဝင်ရိုးနှစ်ခု အကွာအဝေးအကြား ကုန်ပစ္စည်းတင်ဆောင်နိုင်သည့် အလေးချိန်အပေါ် စီစစ်ပြီးမှသာ WTO ၏ HS Code များအရ ကုန်တင်ယာဉ်အဖြစ် သတ်မှတ်မည်

Double Cab များကို ဝင်ရိုးနှစ်ခု အကွာအဝေးအကြား ကုန်ပစ္စည်းတင်ဆောင်နိုင်သည့် အလေးချိန်အပေါ် စီစစ်ပြီးမှသာ WTO ၏ HS Code များအရ ကုန်တင်ယာဉ်အဖြစ် သတ်မှတ်မည် google

Double Cab များကို ဝင်ရိုးနှစ်ခု အကွာအဝေးအကြား ကုန်ပစ္စည်းတင်ဆောင်နိုင်သည့် အလေးချိန်အပေါ် စီစစ်ပြီးမှသာ WTO ၏ HS Code များအရ ကုန်တင်ယာဉ် အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ သိရသည်။

 

မော်တော်ယာဉ်တင်သွင်းခြင်း နှင့် သက်ဆိုင်သောလုပ်ငန်းများ ဆိုင်ရာကြီးကြပ်ရေးကော်မတီ ရုံး တွင်းညွန်ကြားလွာအမှတ် ၂၁/ ၂ဝ၁၉ အရ Double Cab များကို အမျိုးအစား ခွဲခြားရာတွင် ယာဉ်၏ Brand Name ၊ Sub-Brand Name ၊ Model No. များ တူညီ သော်လည်း တစ်စီးချင်း၏ အသေးစိတ်အချက်အလက်အပေါ်တွင် အခြေခံ၍ HS Code 87.03 (သို့) HS Code 87.04 ဟူ၍ သတ် မှတ်မည် ဖြစ်သည်။

 

‘‘Pick-up Type မော်တော် ယာဉ်တွေကို ၂၁/၂ဝ၁၉ ရုံးတွင်း ကြေညာလွာမှာပါတဲ့ အချက်နှစ် ချက်နဲ့ စီစဉ်တွက်ချက်ပြီး ကိုက်ညီ မှုရှိရင် ကုန်တင်ယာဉ်အဖြစ် သတ် မှတ်ပေးမှာ ဖြစ်ပါတယ်’’ဟု မော် တော်ယာဉ်တင်သွင်းခြင်းနှင့် သက် ဆိုင်သော လုပ်ငန်းများဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။

 

Pick-up Type မော်တော် ယာဉ်များ၏ အသေးစိတ်အချက် အလက်များကို စီစစ်တွက်ချက်ရာ တွင် ကုန်ပစ္စည်းတင်ဆောင်နိုင် သည့် အလေးချိန်သည် ခရီးသည် တင်ဆောင်နိုင်သည့် အလေးချိန် ထက် ပိုများခြင်း(WCO တွက်ချက် နည်းအရ လူတစ်ဦးလျှင် 70kg နှုန်းဖြင့် သတ်မှတ်တွက်ချက်ရ မည်)နှင့် ကုန်ပစ္စည်းတင်ဆောင်နိုင် သည့်နေရာအတွက် အတွင်းကြမ်း ခင်း၏ အများဆုံးအလျားသည် ဝင်ရိုးနှစ်ခုအကြားအကွာအဝေး (Wheel Base ၏ ၅ဝ ရာခိုင်နှုန်း ထက်ပိုများမှသာ ကုန်တင်ယာဉ် အဖြစ် သတ်မှတ်ပေးမည်ဖြစ်သည်။ ထိုအချက်နှစ်ချက်နှင့် ကိုက်ညီ မှုမရှိသည့် Pick-up Type မော် တော်ယာဉ်များကိုမူ HS Code 87.03 သတ်မှတ်၍ လူစီးယာဉ် အတိုင်း ကောက်ခံမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)