Local Industry



တစ်ပတ်အတွင်း အရောင်းရဆုံး ကားဈေးနှုန်းများ

နံပါတ်ထွက်ပြီးသားကား ညာမောင်းကားများနှင့် ပြည်တွင်းထုတ် SKD ကားများ အရောင်းအဝယ် ဖြစ်သော်လည်း ပြည်ပမှတင်သွင်းသည့် Brand New ကားများနှင့် စလစ်ကပ်ညာမောင်းကားများမှာ အရောင်းအဝယ် ဆက်လက်အေးနေသည်။

 

ယခုရက်ပိုင်းအတွင်း နယ်အဝယ် အဆင်းနည်းသောကြောင့် အရောင်းအဝယ် သိသိသာသာ အေးနေပြီး ကျပ်သိန်းနှစ်ရာအောက်ကားများသာ အရောင်းအဝယ်ဖြစ်ကာ အမြင့်ကားဈေးကွက်မှာလည်း ဆက်၍အေးနေသည်။ အဝယ်များက နံပါတ်ထွက်ပြီးသား ကျပ်သိန်းနှစ်ရာဝန်းကျင် ဂျပန်ညာမောင်းကားများဖြစ်သည့် Toyota Vitz ၊ Honda Fit ၊ Toyota Belta ၊ Toyota Probox စသည့် ၁၃၀၀ စီစီကားများကိုသာ အဓိကထား ဝယ်ယူနေကြသည်။ ၁၃၀၀ စီစီကားများ အရောင်းအဝယ် ကောင်းလာခြင်းနှင့်အတူ ၆၆၀ စီစီ လုပ်ငန်းသုံး ပစ်ကပ် ကားများလည်း အဝယ်အနည်းငယ် ပြန်လိုက်လာသည်။ ကညနမှ နံပါတ်ထုတ်ပေးမှု စာရင်းများအရ 6Q/8970 နှင့် HH/4025 သို့ ရောက်ရှိနေပြီဖြစ်သည်။

 

19.7.2019 မှ 25.7.2019 အတွင်း ယာဉ်ရောင်းဝယ်ရေး စခန်းများမှ အရောင်းရဆုံးကားများကို ဖော်ပြပေးလိုက်ပါတယ်။

 

26.JPG

 

26_7.JPG

 

Source; Automobile Journal

Read times
Rate this item
(1 Vote)