Local Industry



လမ်းပြောင်းပြန်မောင်းသောမော်တော်ယာဉ်များအား လိုင်စင်ပိတ်သိမ်းရန် ကညနသို့အကြောင်းကြားမည်

လမ်းပြောင်းပြန်မောင်းသောမော်တော်ယာဉ်များအား လိုင်စင်ပိတ်သိမ်းရန် ကညနသို့အကြောင်းကြားမည် google

ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းပြောင်းပြန်မောင်းနှင်သော မော်တော်ယာဉ် များကို ဒဏ်ငွေအပြင် လိုင်စင်ပိတ်သိမ်းရန်ပါ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာန(ကညန)သို့ အကြောင်းကြားမည်ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဇူလိုင် ၂၂ ရက်၌ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားစွာဖြစ်ပွားနေရသည့်အထဲတွင် မော်တော်ယာဉ်များ စည်းကမ်းမဲ့ လမ်းပြောင်းပြန်မောင်းနှင်မှုကလည်း အကြောင်း တစ်ချက်အဖြစ် ပါဝင်ခြင်းကြောင့် ထိုကဲ့သို့ လမ်းပြောင်းပြန်မောင်းနှင်သောယာဉ်များအား မော်တော်ယာဉ်ဥပဒေအရ ဒဏ်ငွေ ကျပ် ၃၀,ဝဝဝ ဒဏ်ရိုက်အရေးယူမည့်အပြင် ယာဉ် မောင်းလိုင်စင် သုံးလမှတစ်နှစ်အထိ ပိတ်သိမ်းရန် ကညနသို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က အကြောင်းကြားမည်ဖြစ်သည်။

 

ထိုကဲ့သို့ စည်းကမ်းမဲ့လမ်းပြောင်းပြန်မောင်းနှင်မှုကြောင့် လူသေဆုံးမှုနှင့်ဆိုးရွားသော ယာဉ်တိုက်မှုများဖြစ်ပေါ်လာနိုင်၍ ထိထိရောက်ရောက်ပြစ်ဒဏ်ချမှတ်မည်ဖြစ်ကာ ထိုသို့စည်းကမ်းမဲ့မောင်းနှင်သောမော်တော်ယာဉ်အား ပြစ်မှုကျူးလွန်ခဲ့သည့်ဖြစ်စဉ်အလိုက် ယာဉ်မောင်းလိုင်စင်ကို နှစ်အလိုက်ပိတ်သိမ်းမည်ဖြစ်ပြီး ထပ်မံ၍ ဒုတိယအကြိမ်ကျူးလွန် ခဲ့ပါက ယာဉ်မောင်းလိုင်စင်ကို လေးနှစ်အထိပိတ်သိမ်းမည်ဖြစ်သည်။

 

"စည်းကမ်းမဲ့လမ်းပြောင်းပြန်မောင်းတာက အလွန်ဆိုးရွားတဲ့ယာဉ်တိုက်မှုဖြစ်နိုင်တယ်။ လမ်းပြောင်းပြန်မောင်းနှင်တဲ့ကားကို မော်တော်ယာဉ်ဥပဒေပုဒ်မ ၆၅ အရ ဒဏ်ငွေ ကျပ် ၃၀,ဝဝဝ အထိချမှတ်နိုင်သလို ကညနကိုလည်း ဖြစ်စဉ်ပေါ်မူတြည်ပီး ယာဉ်မောင်းလိုင်စင် သုံးလက တစ်နှစ်အထိပိတ်သိမ်းဖို့လှမ်းအကြောင်းကြားမယ်။ အကယ်၍ ထပ်မံပြီး ဒုတိယ အကြိမ်ကျူးလွန်မယ်ဆိုရင် ယာဉ်မောင်းလိုင်စင် လေးနှစ်အထိ ပိတ်လို့ရပါတယ်။ စည်းကမ်းမဲ့လမ်းပြောင်းပြန်မောင်းတဲ့ကားကို ထိထိရောက်ရောက် အရေးယူသွားမှာပါ"ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်းမ်နေ့စဉ်သို့ ဇူလိုင် ၂၂ ရက်က ပြောဆိုသည်။

 

ထိုကဲ့သို့ယာဉ်စည်းကမ်းဖောက်ဖျက်သောကားများနှင့် လမ်းပြောင်းပြန်မောင်းနှင်သော ကားများကို Online Complaint Center (OCC) သို့ တိုင်ကြားနိုင်ကြောင်း၊ ခရီးသွား ပြည်သူများတိုင်ကြားမည်ဆိုပါက ပြစ်မှုထင်ရှားသည့်ယာဉ်နံပါတ်၊ ထင်ရှားသည့်ဓာတ်ပုံ၊ နေ့ရက်၊ အချိန်၊ နေရာတို့နှင့်အတူ ဖုန်းနံပါတ်၊ ဗိုက်ဘာ ဝ၉-၇၇၇၄၃၆၂၃၂၊ ဝ၉-၇၇၇၄၃၆၂၃၃ နှင့် ဝ၉- ၇၇၇၄၃၆၂၃၄ တို့သို့ တိုင်ကြားနိုင်ကြောင်း သိရသည်။ ၊ အရည်အသွေးမမီတဲ့ ဆီတွေသုံးစွဲမိရင် ဘာတွေဖြစ်နိုင်သလဲ ဆိုတာ အသေးစိတ်ရေးသားဖော်ပြထားပါတယ်။

 

Source; Myanmar Times

Read times
Rate this item
(1 Vote)