Local Industry



SKD နှင့် CKD ကားများကို အခွန် ခွဲခြားကောက်ခံရန် ဝန်ကြီးဌာန နှစ်ခု ဆွေးနွေးညှိနှိုင်းနေ

SKD နှင့် CKD ကားများကို အခွန် ခွဲခြားကောက်ခံရန် ဝန်ကြီးဌာန နှစ်ခု ဆွေးနွေးညှိနှိုင်းနေ google

SKD နှင့် CKD ကားများကို အခွန်ခွဲခြားကောက်ခံရန် စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နေကြောင်း သိရသည်။

 

ယခုနှစ် မေ ၁ ရက်က ကြေငြာခဲ့သည့် မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာ မူဝါဒတွင် ပြည်တွင်းမော်တော်ယာဉ် ထုတ်လုပ်မှုကဏ အဆင့်မြှင့်တင်ရန်အတွက် တစ်စိတ်တစ်ပိုင်း တပ်ဆင်သည့်စနစ် (SKD)ဖြင့် ထုတ်လုပ်သည့် ကားများနှင့် အလုံးစုံတပ်ဆင်သည့်စနစ် (CKD)ဖြင့် ထုတ်လုပ်သည့်ကားများကို အခွန်ခွဲခြားကောက်ခံမည် ဖြစ်ကြောင်း ရေးဆွဲခဲ့သည်။ သို့ဖြစ်၍ SKD နှင့် CKD ကားများအကြား အခွန်ခွဲခြားကောက်ခံရန် အကောက်ခွန်ဦးစီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ ညှိနှိုင်း ဆောင်ရွက်နေကြောင်း သိရသည်။

 

‘‘မော်တော်ယာဉ် လုပ်ငန်း ဆိုင်ရာ မူဝါဒမှာ ပြည်တွင်း မော် တော်ယာဉ် ထုတ်လုပ်မှုကဏအ ဆင့်မြှင့်တင်နိုင်ဖို့အတွက် SKD နဲ့ CKD ကားတွေကို အခွန်ခွဲခြားရ မယ်လို့ ကြေညာထားတာ ရှိပါတယ်၊ ဒါကြောင့် ဒီကားတွေကို လက်ရှိကောက်ခံနေတဲ့ အခွန်နှုန်းထားနဲ့ နောက်ပိုင်း ကောက်ခံမယ့် အခွန်နှုန်းထားကို အကောက်ခွန် ဦးစီးဌာနနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေပါတယ်၊ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်မယ့် ကားတွေအ တွက် အခွန်ကို ဘယ်လိုခွဲခြား ကောက်ခံမလဲဆိုတာက အကောက်ခွန်ဦးစီးဌာနနဲ့ အဓိကသက်ဆိုင်တဲ့အတွက် လက်ရှိမှာ ဆွေးနွေးမှု နှစ်ကြိမ်အထိ ပြုလုပ်ထားပြီး အခွန်ခွဲခြားကောက်ခံမယ့် အစီအစဉ်ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ စီစဉ်နေပါတယ်’’ဟု စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

မော်တော်ယာဉ် ထုတ်လုပ်မှု ဆိုင်ရာမူဝါဒတွင် ပြည်တွင်း၌ မော်တော်ယာဉ် ထုတ်လုပ်မှုကဏ တိုးတက်လာစေရန်အတွက် ပြည်ပမှ တင်သွင်းသည့်ကားများ(CBU)ကို ထိန်းချုပ်ရန်၊ SKD နှင့် CKD ကားများကို အခွန် ခွဲခြားကောက်ခံရန် ရေးဆွဲထားပြီး ပြည်တွင်း၌ မော်တော်ယာဉ် အသုံးပြုစီးနင်းနိုင်သူ များလာစေရန် အတွက်လည်း သက်သာသောဈေးနှုန်းဖြင့် ကားများ တပ်ဆင်ထုတ်လုပ်ရန် စီမံကိန်းများ ချမှတ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)