Local Industry



Asia Starmar မှ စမ်းသပ်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်တဲ့ YBS ကတ်စနစ်

Asia Starmar မှ စမ်းသပ်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်တဲ့ YBS ကတ်စနစ် google

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ကားများတွင် ယာဉ်စီးခပေးချေသည့် ကတ်စနစ် လုပ်​​ဆောင်ရန်အတွက် Asia Starmar Transport Intelligent ကုမ္ပဏီကို တင်ဒါ​​အောင်မြင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တင်ဒါစိစစ်​​ကြီးကြပ်ရေးအဖွဲ့မှ ထုတ်ပြန်လိုက်သည်။

 

ထို့ကြောင့် ၄င်းကုမ္ပဏီမှ အများပြည်သူများ ခရီးသွားလာရေး အဆင်ပြေလွယ်ကူစေရန်အတွက် Yangon Payment Services (YPS) ကတ်စနစ်ကို မကြာခင် လုပ်ဆောင်တော့မည် ဖြစ်ပြီး YBS ကားများတွင် Distance-based fare system အတွက် အရေးကြီးသော GPS Data များ တိကျမှုရှိစေရန် အဓိကထားပြီး စမ်းသပ်မှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။

 

Card စတင်အသုံးပြုချိန်တွင် Flat Fare System ဖြင့် ယာဉ်စီးခများကို ကောက်ခံသွားတော့မည် ဖြစ်ပြီး YBS Bus ကားများ၏ အရှေ့တံခါးတွင် POS စက်တစ်ခု၊ အနောက်တံခါးတွင် POS စက်တစ်ခု တပ်ဆင်ထားမည် ဖြစ်ကာ ကားပေါ်တက်လျှင် YPS Card ဖြင့် စက် ၂ ခုလုံးတွင် ထိပေးရမည် ဖြစ်သည်။

 

အဆိုပါ Distance-based fare system ကို ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၊ စင်ကာပူနိုင်ငံ၊ စင်ကာပူမြို့နှင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အစရှိသော မြို့ကြီးများတွင်လည်း အသုံးပြုနေပြီ ဖြစ်သည်။

 

Source;YBS

Read times
Rate this item
(0 votes)