Local Industry



မြန်မာပြည်ဈေးကွက်နှင့် ဒေဝူးကားများ

မြန်မာပြည်ဈေးကွက်နှင့် ဒေဝူးကားများ carjournal

ယခင်က ကားလောကတွင် မြန်မာပြည်တွင်လုပ်သည်ဟူသော တံဆိပ်ကိုကပ်ပြီး ကပစမှ ဟီးနိုးကားများ၊ မာစတာကားများကိုထုတ်ခဲ့ဖူးသည်။ ထိုထုတ်ခဲ့သောကားများသည် ယနေ့ခေတ်စားနေသော SKD စနစ်ပင် ဖြစ်ပေသည်။

 

ထိုနေရာတွင် Brand New ကားများသည် ပြည်ပမှအလုံးစုံ တပ်ဆင်ပြီးတင်သွင်းသော CBU ကားများနှင့် ပြည်တွင်းတွင် တစ်စိတ်တစ်ပိုင်းထုတ်လုပ်သော SKD ကားများရှိခဲ့ရာ၊ ခရီးသွားလုပ်ငန်းကိုအခြေခံပြီး ပြည်တွင်းတွင် တပ်ဆင်သော Daewoo ခရီးသည်တင် ကားများ ပြည်တွင်းကားဈေးကွက်ကို ထိုးဖောက်ရန် ရှိကြောင်း သိရှိရသည်။

 

Zyle Daewoo သည် Young An business Group ၏ အဖွဲ့ဝင် တစ်ခုဖြစ်ပြီး ကိုရီးယားနိုင်ငံတွင် ပထမဆုံး ဘတ်စ်ကားထုတ်လုပ်သော စက်ရုံတစ်ခုဖြစ်သည်။ ကိုရီးယားဘတ်စ်ကားလောက၌ ၆၂ နှစ်ကျော်ကြာအောင် အခိုင်အမာ နေရာယူထားကာ နှစ်စဉ် ကားအစီးရေ ၁၅ဝဝဝ ကျော်ထုတ်လုပ်နေပြီး ကိုရီးယားနိုင်ငံအပြင် China, Costa Rica, Vietnam, Kazakhstan, Pakistan, Taiwan စသည့် ပြည်ပနိုင်ငံ(၇)နိုင်ငံ၌ SKD စနစ်ဖြင့် ထုတ်လုပ်နေခဲ့ပြီး ယခုအခါ (၈)နိုင်ငံမြောက်အဖြစ် မြန်မာနိုင်ငံတွင် စက်ရုံတည်ဆောက်ပြီး ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

download_6.jpg

 

ကမ်ဘာ့ CNG ဘတ်စ်ကားဈေးကွက်မှာ နှစ် ၂ဝ ကျော်ကြာ အဓိက နေရာကပါဝင်ခဲ့ပြီးနောက် အာရှ၊ အရှေ့ အလယ်ပိုင်းနှင့် လက်တင်အမေရိကတို့အထိ ထုတ်ကုန်အဖြစ် တင်ပို့ခဲ့သည့်အတွက် နည်းပညာ၊ အရည် အသွေးနှင့် ယုံကြည်စိတ်ချရမှုအပိုင်း၌ အလွန်ကောင်းမွန်သည် ဟုဆိုရပေမည်။

 

မြန်မာနိုင်ငံတွင် Daewoo Bus Myanmar Co.Ltd ကို မတ်လ ၂ဝ၁၇ တွင် စတင်တည် တောင်ခဲ့ပြီး ထောက်ကြန့်မြို့နယ်ရှိ ၁၄ ဧကကျယ်ဝန်းသည့်မြေကွက်ကို နိုင်ငံတော်အစိုးရထံမှငှားရမ်းကာ စက်ရုံ တည်ဆောက်ထားခြင်း ဖြစ်သည်။

 

download_5.jpg

 

ထုတ်လုပ်မှု

Daewoo City Bus BS 106 နှင့် Lestar minibus (၂)မျိုးကို တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ပြီး တစ်နှစ်လျှင် အစီးရေ ၅ဝဝ ခန့်ထုတ်လုပ်မည်ဟုခန့်မှန်းထားသည်။ Daewoo Bus Myanmar ၏ Service Center များကို ထောက်ကြန့်၊ မန္တလေး၊ နေပြည်တော်တို့၌ တည်ဆောက်ဖွင့်လှစ်သွားမည်ဖြစ်သည်။

 

download.jpg

 

BS 106 နှင့် Lestar သည် Korea နိုင်ငံတွင် လက်ရှိ ထုတ်လုပ်နေသည့်အမျိုးအစား(၂)မျိုးကို မြန်မာနိုင်ငံ မှာပင် ထုတ်လုပ်ခွင့် ရှိမည်ဖြစ်၍ နိုင်ငံတွင်းသာမက ပြည်ပပို့ကုန် အဖြစ်ပါထုတ်လုပ်နိုင်မည်ဖြစ်သည်။ စက်ရုံအတွင်းတွင် Production Line များကို ကားစက်ရုံများ၏ စံချိန်စံညွှန်အတိုင်း တပ်ဆင်လျက်ရှိပြီး၊ Production Line အားလုံး၏ အင်ဂျင်နီယာများကို ကိုရီးယားနိုင်ငံသို့ ပညာတော်သင်စေလွှတ်ကာ တပ်ဆင်ပုံများကို လေ့လာသင်ကြားစေခဲ့ပါသည်။ မြန်မာနိုင်ငံရှိ စက်ရုံ၌ Pilot Production ထုတ်လုပ်ရာတွင်လည်း ကိုရီးယားနိုင်ငံ Zyle Daewoo မှ အင်ဂျင်နီယာများကိုယ်တိုင်လာရောက်၍ ထပ်မံသင်ကြားပေးပြီး ကားများ ထုတ်လုပ်ရာတွင် လက်ရှိ မြန်မာနိုင်ငံတွင် ထုတ်လုပ်လျက်ရှိသော SKD အဆင့်ထက် များစွာ မြင့်မားကာ BS 106   မှာ CKD အဆင့် Lestar minibus မှာ lower level CKD အဆင့်ထိတိုင် တပ်ဆင် ထုတ်လုပ်နေခြင်းဖြစ်သည်။

 

download_1.jpg

 

Daewoo Bus Myanmar မှ ဘတ်စ်ကားများ တပ်ဆင်ထုတ်လုပ်ခြင်းဖြင့် မြန်မာ့ကားလောကနှင့် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများကို အဆင့်မီမီ တိုးတက်စေ မည်ဖြစ်ပြီး ကားများတပ်ဆင်ထုတ်လုပ်ရာတွင် စက်ပစ္စည်းများ၊ အစိတ်အပိုင်းများနှင့် နည်းပညာများအားလုံးသည် Korea Daewoo Bus Standard အတိုင်း တပ်ဆင် သွားမှာဖြစ်ခြင်းကြောင့် အခြားသောကားများထက် အရည်အသွေး ကောင်းမွန်သာလွန်နိုင်သည်ဟု ဆိုရပေမည်။

 

download_2.jpg

 

မြန်မာအင်ဂျင်နီယာများကို ပညာတော်သင် စေလွှတ်သင်ကြားပေးခဲ့ခြင်းကြောင့် ရှိပြီးသားအရည်အချင်းများကို ပိုမိုတိုးတက်ကျွမ်းကျင်စေပါသည်။ ကိုရီးယားနိုင်ငံထုတ် အပိုပစ္စည်းများ၏ အရည်အသွေးမှာလည်း ယခင်နှစ်ပေါင်း ၆၂ နှစ်ကျော် ကြာထိ အသုံးပြု စမ်းသပ်တပ်ဆင် ထုတ်လုပ်ထားခြင်းကြောင့် ဈေးကွက်အနေအထားအားဖြင့် အရည်အသွေးမြင့်ပစ္စည်းများဖြင့် ဈေးသက်သာစွာအသုံးပြုနိုင်လိမ့်မည်ဟုဆိုရမည်ဖြစ်သည်။

 

download_3.jpg

 

မြန်မာပြည်တွင် စက်မှုဝန်ကြီး ဌာနအောက်မှ စနစ်တကျ ထုတ်လုပ်ခြင်းကြောင့် မြန်မာပြည်တွင်း ဈေးကွက်တွင်လည်း အခြားခရီးသည်တင်ဘတ်စ်ကားများကဲ့သို့ ဈေးကွက်ထိုးဖောက်လာဦးမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

 

download_4.jpg

 

Credit; Carjournal

Read times
Rate this item
(1 Vote)