Local Industry



Chevrolet Myanmar မှ 2019 The New Malibu ကို မိတ်ဆတ်ပြသ

Chevrolet Myanmar မှ 2019 The New Malibu ကို မိတ်ဆတ်ပြသ google

Chevrolet Myanmar သည် Mid Size Sedan အမျိုးအစားဖြစ်သည့် 2019 The New Chevrolet Malibu မော်ဒယ်အသစ်အား ပြီးခဲ့သည့် ဇူလိုင်လ၊ (၁၂)ရက်နေ့က မိတ်ဆတ်ပြသသွားခဲ့သည်။

 

ယခု တင်သွင်းမိတ်ဆက် ရောင်းချမည့် 2019 The New Malibu သည် (၉)ဆက်မြောက်မျိုးဆက်ဖြစ်ပြီး အရင်မော်ဒယ် Platform ကို အတွင်းအပြင် အဆင့်မြှင့်တင်ထားပြီး ရုပ်ထွက်အသစ်၊ ပုံသဏ္ဍန်အသစ်ဖြင့် မြင်တွေ့ရမည်ဖြစ်သည်။

 

2019 The New Chevrolet Malibu တွင် မြင်းကောင်ရေ ၂၅၀ ကျော်ထွက်ရှိသည့် 2.0L Turbo Engine ကို 6-Speed Transmission နှင့်တွဲဖက်ပေးထာားသောကြောင့် ကျေနပ်ဖွယ်ရာ စွမ်းဆောင်မှုကို ရရှိစေမည်ဖြစ်သည်။ အသက်ကယ်လေအိတ် (၈) လုံးပါဝင်ကာ ကား၏ ပတ်ပတ်လည်တွင်လည်း မတော်တဆမှုမှ ရှောင်ရှားနိုင်ရန် ကြိုတင်အသိပေးမည့် sensor များ တပ်ဆင်ပေးထားသည်။

 

2019 The New Malibu ၏ ရှေ့ဘက်ပိုင်းမှာ သိသိသာသာပြောင်းလဲသွားပြီး Chevrolet ရဲ့ မူပိုင် Dual Port Grill ဒီဇိုင်းအသစ် (ရှဲလ်) အတွင်းသို့ ရှေ့မီးကြီးများ တစ်ဆက်တည်းဝင်သွားသည့်ပုံစံမျိုး ပြုလုပ်ထားသည်။ လိုအပ်သလို အလိုအလျောက် ချိန်ညှိပေးမည့် ဒီဇိုင်းသစ် Projection ရှေ့မီး နှင့် LED Daytime Running Light ကို Fog Lamp နှင့်အတူ ပုံစံဆန်းသစ်စွာ တွဲဖက်ပေးထားသည်။

 

ကား၏ ဘော်ဒီအချိုးမှာ အရင်မော်ဒယ်များအတိုင်း Sport ဆန်သည့်ပုံစံကို ဆက်လက်ထိန်းသိမ်းထားပြီး နောက်မီးများကို မြားပုံစံများဖြင့် ပုံစံသစ်ပြုလုပ်ပေးထားပြီး Crystal LED Stop Lamp ဖြင့်တစ်မျိုးထူးခြားလှပအောင် တပ်ဆင်ပေးထားပါသည်။

 

ကားအတွင်းခန်းအရောင်မှာ ယခင်မော်ဒယ်များကဲ့သို့ မဟော်ဂနီ နှင့် ခဲရောင်တွဲဆက်မှုမှ ပိုပြီး Luxury ဆန်သည့် Light Wheat နှင့် မီးခိုးရောင်ကိုတွဲဖက်အသုံးပြုပေးထားသောကြောင့် အတွင်းခန်းကို ပိုမိုထင်ရှား စေမည်ဖြစ်သည်။ ထိုင်ခုံများကို Premium Perforated Leather အသုံးပြုထားပြီး Memory ဖြင့်မှတ်ထားနိုင်သည့် Driver Seat အပြင် အပူအအေး ပေးနိုင်သည့် Electric Power Adjustable အရှေ့ဘက်ထိုင်ခုံများတပ်ဆင်ပေးထားသည်။   အဆင့်မြှင့်တင်ထားသော 8 inch high resolutiondigital supervision cluster နှင့်အတူ Driving Mode Vision ကို Sport/Touring ပုံစံ (၂)မျိုး ရွေးခြယ်နိုင်သည့်စနစ်ကို ယခု (၂၀၁၉) မော်ဒယ်တွင် ထည့်သွင်းပေးထားသည်။

 

2019 New Malibu ဈေးနှုန်းမှာ USD 55000 ဖြစ်ပြီး ဇူလိုင်လ (၁၉) ရက်မှ (၂၁) ရက်နေ့ အထိ Chevrolet Myanmar မှ အထူးအစီအစဉ်အနေဖြင့် $3000 သက်သာမည့်အခွင့်အရေး၊၂ နှစ်စာ အခမဲ့ ထိန်းသိမ်းပြုပြင်ခွင့် (2 Years Free Servicing)နှင့် AYA Bank နှင့်ချိတ်ဆက်ကာ ကနဦးအတွက် ၁၅% သာပေးသွင်း ဝယ်ယူနိုင်မည့် အခွင့်အရေးတို့ကို စီစဉ်ထားကြောင်း သိရသည်။

 

2019-New-Malaibu-1.jpg

 

2019-chevrolet-malibu-2.jpg

 

2019_chevrolet-malibu.jpg

 

Source; Drive Myanmar

Read times
Rate this item
(0 votes)