Local Industry



လာမည့်နှစ်များတွင်လည်း ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုး တင်သွင်းခွင့်ပေးသည့်စနစ် ဆက်လက်ကျင့်သုံးမည်

လာမည့်နှစ်များတွင်လည်း ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုး တင်သွင်းခွင့်ပေးသည့်စနစ် ဆက်လက်ကျင့်သုံးမည် google

လာမည့်နှစ်များတွင်လည်း ယာဉ်အို/ဟောင်း အစားထိုးတင်သွင်းခွင့် ပေးသည့်စနစ်ကို ဆက်လက်ကျင့် သုံးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

ခေတ်သစ် ကားတင်သွင်းခွင့် မူဝါဒများနှင့်အတူ ယာဉ်အို/ဟောင်းအပ်နှံပြီး အစားထိုးယာဉ် တင်သွင်းခွင့်ပေးခြင်းကို ၂ဝ၁၁ ခု နှစ်မှ စတင်ကျင့်သုံးခဲ့ရာ ကားဟောင်းတစ်သိန်းခွဲကျော် အပ်နှံခဲ့ပြီး ဖြစ်သည်။ လက်ရှိ ကားတင်သွင်းခွင့် မူဝါဒများအရ ယာဉ်အို/ ဟောင်းစနစ်ဖြင့် ကားတင်သွင်းမှုများ နည်းသွားသော်လည်း ကြံ့ခိုင်မှု မပြည့်ဝသည့် ကားဟောင်းများ ရှိနေခြင်းကြောင့် ထိုစနစ်ကို ဆက် လက်ကျင့်သုံးဦးမည် ဖြစ်သည်။

 

‘‘ယာဉ်အို/ဟောင်းအပ်နှံပြီး အစားထိုးယာဉ် တင်သွင်းခွင့်ပေးတဲ့ စနစ်ကို လာမယ့်နှစ်တွေမှာလည်း ဆက်ပြီးကျင့်သုံးဦးမှာ ဖြစ်ပါ တယ်၊ ကားဟောင်းတွေ ရှိနေသေး တဲ့အတွက် ဒီစနစ် ကျင့်သုံးမှပဲ ကားသစ်တွေ အစားထိုးဝင်ရောက် လာမှာဖြစ်ပါတယ်၊ ကားဟောင်းစလစ်ဆိုတာလည်း သူ့ပေါ်လစီနဲ့ သူ၊ သူ့ဈေးကွက်နဲ့သူ ရှိနေဦးမှာ ဖြစ်ပါတယ်’’ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

 

YVQC စနစ် ထွက်ပေါ်လာပါကလည်း ပြည်ပမှ အလုံးစုံ တပ်ဆင်တင်သွင်းထားသည့် CBU ကားများထက် ပြည်တွင်း၌ တပ်ဆင် ထုတ်လုပ်သည့် SKD ကားများကို ခွဲတမ်းပိုပေးဖွယ်ရှိရာ ရန်ကုန်လိုင်စင်ရယူလိုသည့် CBU ကားများအတွက် စလစ်လိုအပ်ချက်က ရှိ နေဦးမည် ဖြစ်သည်။ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနအနေဖြင့် ယာဉ်အို/ဟောင်း အစားထိုးစနစ်ကို ဆက်လက်ကျင့် သုံးဦးမည် ဖြစ်သော်လည်း မော်တော်ယာဉ်တိုင်း မဖြစ်မနေ အလုံးစုံအာမခံ ထားရှိရမည့် ကိစ္စကိုမူ ဝင်ရောက် ချုပ်ကိုင်မည်မဟုတ်ကြောင်း သိရသည်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)