Local Industry



တစ်ပတ်အတွင်းအရောင်းရဆုံး ကားဈေးနှုန်းများ

နယ်အဝယ်တချို့ပြန်ဆင်းလာ၍ ကားအရောင်းအဝယ် ပြန်ပြီး လှုပ်ခတ်လာသော်လည်း စလစ်ဈေးများ မြင့်တက်နေသည့်အတွက် စတိနံပါတ်ကားများထက် နံပါတ်ထွက်ပြီးသားကားများသာ အရောင်းအဝယ်ဖြစ်နေသည်။

 

ကျပ်သိန်း နှစ်ရာဝန်းကျင် ၁၃၀၀ စီစီကားများ အဝယ်လိုက်နေသော်လည်း ရောင်းကားရှားလာ၍ ပြည်ပမှတင်သွင်းသော Brand New ကားများနှင့် ပြည်တွင်းထုတ် SKD ကားများမှာ အရောင်းအဝယ် ပြန်ကောင်းလာသည်။ ဈေးကွက်အကြိုက် ဂျပန်ကားဟောင်းများမှာ အရောင်းအဝယ်ဖြစ်ပြီး ရန်ကုန်လိုင်စင် နံပါတ်ထွက်ပြီးသား Honda Fit ၊ Toyota Probox ၊ Toyota Succeed ၊ Toyota Vitz ၊ Toyota Belta ၊ Toyota Fielder ၊ Toyota Wish ၊ Toyota Kluger တို့ အရောင်းအဝယ် ဖြစ်နေသည်။ YVQC စနစ် ထွက်ပေါ်မလာသေး၍ ပြည်ပမှတင်သွင်းသော Brand New ကားများမှာ အရောင်းအဝယ် အေးနေသည်။ ရန်ကုန်လိုင်စင်ရယူလိုသည့် Brand New ကားသစ်များအတွက် စလစ်လိုအပ်ချက်ရှိနေ၍ စလစ်ဈေးများ အမြင့်ဈေးတွင်ရှိနေပြီး ရန်ကုန်လိုင်စင် အမည်ပေါက်စလစ်သည် ကျပ် ၁၄၄ သိန်းဝန်ကျင်တွင် ပေါက်ဈေးရှိကြောင်း ကားဈေးကွက်အတွင်မှ သိရသည်။ ကညနမှ နံပါတ်ထုတ်ပေးမှု စာရင်းများအရ 6Q/6759 နှင့် HH/4021 သို့ ရောက်ရှိနေပြီဖြစ်သည်။

 

5.7.2019 မှ 11.7.2019 အတွင်း ယာဉ်ရောင်းဝယ်ရေး စခန်းများမှ အရောင်းရဆုံးကားများကို ဖော်ပြပေးလိုက်ပါတယ်။

 

 

11.7.jpg

 

12.7.jpg

 

Myanmar Automobile Equipment Directory

 

Source;Automobile Journal

 

Read times
Rate this item
(1 Vote)