Local Industry



ပြည်ပတင်သွင်းယာဉ်များ ယာဉ်မှတ်ပုံတင် မပြုလုပ်မီ ပြင်ဆင်မှု ပြုလုပ်လိုပါက က.ည.န သို့ လျှောက်ထားနိုင်

ပြည်ပတင်သွင်းယာဉ်များ ယာဉ်မှတ်ပုံတင် မပြုလုပ်မီ ပြင်ဆင်မှု ပြုလုပ်လိုပါက က.ည.န သို့ လျှောက်ထားနိုင် google

ပြည်ပမှ မော်တော်ယာဉ် တင်သွင်းရာတွင် မူရင်းစက်ရုံထုတ်မဟုတ်ဘဲ ပြုပြင်ပြီးသားယာဉ်များကို တင်သွင်းခွင့် ပိတ်ထားသော်လည်း တင်သွင်းပြီးယာဉ်များကို ယာဉ်မှတ်ပုံတင် မပြုလုပ်မီ ပြင်ဆင်မှု ပြုလုပ်လိုပါက ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ လျှောက်ထားနိုင်ကြောင်းသိရသည်။

 

လက်ရှိအချိန်တွင် က.ည.နမှ ရှားပါးစက်ပစ္စည်း အစိတ်အပိုင်းများ ပုံစံမတူ လဲလှယ်တပ်ဆင်ခြင်းကို လျှောက် ထားခွင့်ဖြင့် ဆောင်ရွက်ခွင့်ပြုနေသော်လည်း ယာဉ်ပိုင်ရှင်အချို့သည် ပြင်ဆင်ခွင့် လျှောက်ထားခြင်း မရှိဘဲ မိမိ စိတ်ကြိုက် ပြန်လည်မွမ်းမံမှုများ ဆောင်ရွက်နေခြင်းကြောင့် ယခုအခါ ခွင့်ပြုချက်မဲ့ အစိတ်အပိုင်း လဲလှယ် တပ်ဆင်ထားသော မော်တော်ယာဉ်များကို ယာဉ်မှတ်ပုံတင် ဖြတ်သိမ်းသည့်ပုံစံမျိုးဖြင့် အရေးယူသွားတော့မည် ဖြစ်ကြောင်းသိရသည်။

 

“မော်ဒယ်အရမ်းနိမ့်လွန်းတဲ့ကားတွေမှာ တချို့အစိတ်အပိုင်းတွေက ရှာလို့မရတော့ဘူး။ အဲဒီလိုမျိုးတွေ ဖြစ် လာရင် က.ည.နအနေနဲ့ မှတ်ပုံတင်ပြီးသားကားတွေကို ပြင်ဆင်ခွင့်ပေးပါတယ်။ နောက်ပြီး တင်သွင်းလာတဲ့ ကားတွေကို ပြင်ဆင်ခွင့် လျှောက်ထားမယ်ဆိုရင် ယာဉ်မှတ်ပုံတင် မပြုလုပ်ခင်မှာ စိစစ်ပြီး ခွင့်ပြုတာမျိုးလည်း ရှိပါတယ်” ဟု က.ညန.မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 

လက်ရှိ မော်တော်ယာဉ် အစိတ်အပိုင်း လဲလှယ်ခွင့်ကို သက်ဆိုင်ရာတိုင်း က.ည.နရုံးများတွင် လျှောက်ထားနိုင် ပြီး အကြီးစားပြင်ဆင်မှုဖြစ်ပါက နေပြည်တော် က.ည.န ထိ လိပ်မူလျှောက်ထားရန် လိုအပ်ကြောင်းလည်း သိရသည်။

 

က.ည.န၏ ခွင့်ပြုချက်မရရှိဘဲ မြင်နိုင်သည့် မော်တော်ယာဉ် အစိတ်အပိုင်း ပြောင်းလဲ တပ်ဆင်ထားသော မော်တော်ယာဉ်များကို ယာဉ်မှတ်ပုံတင် ဖြတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထပ်မံသိရသည်။

 

လက်ရှိ ကညနတွင် တရားဝင်မှတ်ပုံတင်ထားသော တစ်နိုင်ငံလုံးရှိ ယာဉ်စီးရေမှာ (မော်တော်ယာဉ်စီးရေ (၁)သန်း နီးပါးခန့် အပါအ၀င်) (၆.၉)သန်းကျော်ရှိရာ ယာဉ်သက်တမ်းတိုးခြင်းနှင့် အခြား ယာဉ်မှတ်ပုံတင် လုပ်ငန်း အားလုံးကို တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိပါသည်။

 

Source; CarJournal

Read times
Rate this item
(1 Vote)