Local Industry



LS Automotive Group Myanmar (GAC Motor Myanmar) ၏ ဒုတိယမြောက် Mandalay Showroom ဖွင့်လှစ်

LS Automotive Group Myanmar (GAC Motor Myanmar) ၏ ဒုတိယမြောက် Showroom ဖြစ်သည့် GAC Motor Mandalay Showroom ဖွင့်လှစ်ခြင်းနှင့် ထူးခြားဆန်းသစ်မှုများ ဖြင့် ဖန်တီးထားသည့် All New GS 5 Model နှင့် All New GM 6 Model တို့၏ Soft Launch အခမ်းအနားများ၂၀၁၉ ခုနှစ် ဇွန်လ ၊ ၂၈ ရက် ၊ သောကြာနေ့ ၊ ညနေ ၆ နာရီ ကကျင်းပခဲ့ပါသည်။

 

Mandalay Showroom သည် No. ( Sa – 1 / 3 + 4 ) ၊ မြို့သစ် ( ၂ ) ရပ်ကွက် ( ၇၂ ) နှင့် ( ၇၃ ) လမ်းကြား ၊ ငုရွှေဝါလမ်းမကြီး ၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့တွင် တည်ရှိပါသည်။

 

Soft Launch အနေဖြင့် All New GS 5 All New GM 6 ကားအသစ် (၂) မျိုးမှာ ကိုပြသခဲ့ပါတယ်။ GAC All New GS 5 သည် Sporty SUV ဖြစ်ပြီး အထူးသစ်လွင်လှပသည့် ဒီဇိုင်းဖန်တီးမှု အသစ်ဖြင့် ထုတ်လုပ်ထားသည့် ခရီးသည် (၅) ယောက်စီး SUV ပုံစံဖြစ်သည်။ All New Model ဖြစ်သည်နှင့်အညီ စွမ်းဆောင်ရည်မြင့်မားသည့် (1 . 5 T Engine) ၊ (150 hp) အင်ဂျင်စနစ် ၊ လုံခြုံမှုအဆင့်မြင့်မားသည့် High – Strength Steel ကားကိုယ်ထည်ဖန်တီးမှုနှင့် အတူ နည်းပညာ သုံးပါဝင်မှုများ ကြွယ်ဝံ့စွာပါရှိသည့် Model ဖြစ်ကာ Sporty မောင်းနှင်ခြင်းကိုနှစ်သက်သည့် GAC ချစ်သူများအကြိုက်နှင့် ထပ်တူကြမည့် ကားလည်းဖြစ်ပါသည်။ All New GS 5 သည် ကမ္ဘာကျော် (C – NCAP) ၏ (5 star Safety Award) ဆွတ်ခူးရရှိထားသည့် Model လည်းဖြစ်ပါသည်။

 

GAC All New GM 5 သည် မိသားစုသုံးအတွက် အကောင်းဆုံးအရည်အသွေးနှင့်ခံစားမှုကို ပေးစွမ်းနိုင်သည့် MPV Model ဖြစ်ပြီး မြို့တွင်း နယ်ဝေးအသုံးပြုမှုများအတွက် သင်နှင့် သင့်မိသားစု တို့အား ဘေးကင်းလုံခြုံ စိတ်ချမှုနှင့်စိတ်လက်အပန်းဖြေခြင်းများကို ခေါ်ဆောင်စေမည့် ကားတစ်စီးပင် ဖြစ်ပါသည်။ All New GM 5 တွင် ကျယ်ဝန်းသပ်ရပ်သည့် ခရီးသည်( ၇ ) ယောက်စီးပုံစံ ၊ စွမ်းဆောင် ရည်မြင့် ( 1.5 T Engine ) ၊ ( 169 hp ) အင်ဂျင်စနစ်နှင့် အတူ ထူးခြားသည့် ပါဝင်မှုများစွာကို ထည့်သွင်းထားမည်ဖြစ်ပါသည်။ All New GM 5 သည် ကမ္ဘာကျော်( C - NCAP ) ၏ ( 5 Star Safety Award ) ဆွတ်ခူးရရှိထားသည့် Model လည်းဖြစ်ပါသည်။

 

65271896_2247593612236230_6017185345597079552_o.jpg

 

65475218_759186944497058_6050111183363506176_o.jpg

 

65792509_2878015628894281_2309424496542482432_o.jpg

 

65630164_2878015205560990_1173496601272909824_o.jpg

 

Myanmar Automobile Equipment Directory

Read times
Rate this item
(1 Vote)