Local Industry



ONLINE BOOKING ပြုလုပ်ခြင်းမရှိဘဲ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်း သက်ညှာသောအားဖြင့် ဆောင်ရွက်ပေးလျက်ရှိ

ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးရန် ONLINE BOOKING ပြုလုပ်ခြင်းမရှိဘဲ

က .ည .န သို့ ကိုယ်တိုင် လာရောက်သူများကိုလည်း ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်း ဆောင်ရွက်ပေးလျက်ရှိသည်။

“အွန်လိုင်း Booking စနစ်ကို ဦးစားပေးဆောင်ရွက်နေပေမယ့် အွန်လိုင်းစနစ် ကို တစ်ချို့ က သိပ်အသုံးမပြုဘဲ ရုံးကိုလာတော့လည်း အဆင်ပြေအောင်ဆောင်ရွက်ပေးနေပါတယ်’’ ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းထွဋ် က ဆင်ဟွာသို့ ကို ဇူလိုင် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊ ရုံးအတွင်း ယာဉ်ကြောကျပ်တည်းမှု မဖြစ်စေရန်နှင့် COVID-19 ရောဂါကာကွယ်နိုင်စေရန် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းကို Online Booking စနစ်ဖြင့် ဇူလိုင် ၆ ရက်တွင် က၊ က-၁၊ ခ၊ ဃ သက်တမ်း ယာဉ်မောင်းလိုင်စင်များ အတွက် စတင်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။သို့သော် ယင်းလုပ်ငန်းစဉ်အား Online Booking စနစ်ဖြင့် ဆောင်ရွက်ရသည်ကို လူသိနည်းသည့်အတွက် ပုံမှန်အတိုင်းသာ လာရောက်ဆောင်ရွက်မှုများ ရှိကြောင်းလည်း သိရသည်။

က.ည.န အနေဖြင့် ယာဉ်မောင်း လိုင်စင် သက်တမ်းတိုး ဆောင်ရွက်ပေးရာတွင် ရုံးတစ်ရုံး၌ တစ်ရက်လျှင် နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ လေးကြိမ်ခွဲ၍ ဆောင်ရွက်ပေးနေပြီး လက်ရှိအချိန်ထိ ရန်ကုန်တိုင်း ဒေသကြီး၌ ယာဉ်မောင်းလိုင်စင် ရှစ်သိန်းကျော် ထုတ်ပေး ထားပြီးဖြစ်ကြောင်း သိရသည်။
(Xinhua)

Read times
Rate this item
(4 votes)