Local Industry



City Taxi ပြုလုပ်ရန် ကျန်ရှိသော အငှားယာဉ်များကို သတ်မှတ်ဒဏ်ကြေးဖြင့် မှတ်ပုံတင်ခွင့်ပေးရန် တိုင်းအစိုးရအဖွဲ့ ခွင့်ပြု

City Taxi ပြုလုပ်ရန် ကျန်ရှိသော အငှားယာဉ်များကို သတ်မှတ်ဒဏ်ကြေးဖြင့် မှတ်ပုံတင်ခွင့်ပေးရန် တိုင်းအစိုးရအဖွဲ့ ခွင့်ပြု google

City Taxi ပြုလုပ်ရန် ကျန်ရှိသော အငှားယာဉ်များကို သတ်မှတ်ဒဏ် ကြေးဖြင့် မှတ်ပုံတင်ခွင့်ပေးရန် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရထားပြီး ဖြစ်ကြောင်း အများပြည်သူသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် အငှားယာဉ်များကို ယခုနှစ် ဇန်နဝါရီလ နောက်ဆုံးထားပြီး City Taxi မှတ်ပုံတင် ပြုလုပ်ရန် သတ်မှတ်ခဲ့သည်။ ထို့နောက် သတ်မှတ်ကာလအမီ မှတ်ပုံမတင်နိုင်သည့်ကားများ ရှိနေသဖြင့် ဧပြီလအထိ ဆောင်ရွက် ပေးခဲ့သည်။ ထိုသို့ အချိန်ကာလ တိုးပြီး ဆောင်ရွက်ပေးခဲ့သော်လည်း City Taxi မှတ်ပုံတင် လာရောက် ပြုလုပ်ခြင်းမရှိသည့် အငှား ယာဉ်အစီးငါးထောင်ကျော် ကျန်ရှိနေသေးသည်။ ထိုလက်ကျန် ကားများကို အရေးယူဆောင်ရွက် ရန်၊ သို့မဟုတ် ဒဏ်ကြေးတစ်ခု သတ်မှတ်၍ မှတ်ပုံတင်ခွင့်ပေးရန် YRTA မှ တိုင်းဒေသကြီးအစိုးရအဖွဲ့ ထံ တင်ပြရာတွင် ဒဏ်ကြေးတစ်ခုဖြင့် မှတ်တင်ပေးရန် ခွင့်ပြုခဲ့သည်။

 

‘‘City Taxi မှတ်ပုံတင် ဆောင်ရွက်ဖို့ ကျန်ရှိနေတဲ့ ကားတွေကို ဒဏ်ကြေး ကောက်ခံပြီး မှတ်ပုံတင်ခွင့်ပေးဖို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့က ခွင့်ပြုခဲ့ပါတယ်၊ သတ်မှတ်ကာလကို အကြိမ်ကြိမ် ဖြေလျှော့ခဲ့ပေမဲ့ မှတ်ပုံတင်ဖို့ ပျက်ကွက်တဲ့ ကားတွေကို City Taxi ပြုလုပ်စေလိုတဲ့အတွက် ဒဏ်ကြေးနဲ့ ခွင့်ပြုပေးဖို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့က ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်၊ ဒဏ်ကြေးနဲ့ ဆောင်ရွက်ပေးမယ့် ကာလတစ်ခုအတွင်း City Taxi ပြုလုပ်ဖို့ ကျန်နေတဲ့ကားတွေအနေနဲ့ မှတ်ပုံတင်အပြီးသတ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်၊ ဆောင်ခွင့်ပြုမယ့်အချိန်ကာလနဲ့ ဒဏ်ကြေး ကိုတော့ ဇူလိုင်လထဲမှာ ထုတ်ပြန်ကြေညာပေးမှာ ဖြစ်ပါတယ်’’ဟု ‘ရန်ကုန်တိုင်းဒေသကြီး အများ ပြည်သူ သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့’မှ တွဲဖက်အတွင်းရေးမှူးက ပြောသည်။

 

ရန်ကုန်လိုင်စင်ဖြင့် ပြေးဆွဲနေသည့် အငှားယာဉ်များထဲတွင် သတ်မှတ်ကာလအတွင်း City Taxi ပြုလုပ်ထားသည်မှာ အစီးရေ ၆၆, ၅၅၅ စီးရှိပြီး အစီး ငါးထောင်ကျော် မှတ်ပုံတင်ပြုလုပ်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)