Local Industry



ရန်ကုန်မြို့မှ ဧရာဝတီတိုင်းဒေသကြီးသို့ YBS ယာဉ်များ ပြေးဆွဲမည်

ရန်ကုန်မြို့မှ ဧရာဝတီတိုင်းဒေသကြီးသို့ YBS ယာဉ်များ ပြေးဆွဲမည် google

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ညွန်ကြားချက်ရရှိပါက ရန်ကုန်မြို့မှ ဧရာဝတီတိုင်းဒေသကြီးသို့ YBS ယာဉ်များ ပြေးဆွဲပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝယ်ယူထားသော ဘတ်စ်အစီးတစ်ထောင်ကို YUPT နှင့် YBPC ယာဉ်လိုင်းကုမ္ပဏီများ အောက်တွင် YBS 2 ၊YBS 3 ၊YBS 4 ၊YBS 7 ၊YBS 8 ၊YBS 10 ၊YBS 11 ၊YBS 15 ၊ YBS 17 ၊YBS 24 ၊ YBS 26 ၊YBS 28 ၊YBS 29 ၊YBS 36 ၊YBS 40 ၊ YBS 58 ၊ YBS 59 ၊ YBS 65 ၊ YBS 37 ၊YBS 43 ၊ YBS 62 ၊ YBS 72 ၊YBS 87 ၊ YBS 88 ၊ YBS 89 နှင့် YBS 96 စသည့် ယာဉ်လိုင်းများဖြင့် ရန် ကုန်မြို့အတွင်း ပြေးဆွဲပေးလျက် ရှိသည်။ ထို့ပြင် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့က တောင်းဆိုထားသည့် ရန်ကုန်-ညောင်တုန်း ခရီးစဉ်ကိုလည်း ပြေးဆွဲပေးရန် စီစဉ်နေကြောင်း သိရသည်။

 

‘‘ဧရာဝတီတိုင်းကို ပြေးဆွဲပေးမယ်လို့ ဝန်ကြီးချုပ်က ပြောထားပေမဲ့ YRTA အနေနဲ့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ဥပဒေ အသစ်အရ ပြေးဆွဲလို့မရတဲ့ အတွက် ဝန်ကြီးချုပ်ဆီက ဖြစ်ဖြစ်၊ တိုင်းအစိုးရအဖွဲ့ဆီက ဖြစ်ဖြစ် ညွန်ကြားစာရမှ ပြေးဆွဲလို့ရမှာ ဖြစ်ပါ တယ်၊ YBS ယာဉ်တွေအနေနဲ့ ဥပဒေသစ်အရ မြို့ပြင်ကို ပြေးဆွဲမယ်ဆိုရင် နယ်ကျော်ပြေးဆွဲတာ ဖြစ်တဲ့အတွက် ညွန်ကြားစာမရှိဘဲ ပြေးဆွဲလို့ မရပါဘူး’’ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ် ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

 

လက်ရှိတွင် ရန်ကုန်မြို့မှ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့သို့ YBS ယာဉ်များ ပြေးဆွဲရန်အတွက် တိုင်းဒေသကြီးနှစ်ခုမှ အစိုးရအဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)