Local Industry



Myanmar Honda Insight Club ၏ ၁၅ ကြိမ်မြောက် Member အသစ်ကြိုဆိုပွဲနှင့် စုံညီပွဲကျင်းပ

Myanmar Honda Insight Club ၏ ၁၅ ကြိမ်မြောက် Member အသစ်ကြိုဆိုပွဲနှင့် စုံညီပွဲကျင်းပ facebook

Myanmar Honda Insight Club ၏ ၁၅ ကြိမ်မြောက် Member အသစ်ကြိုဆိုပွဲနှင့် စုံညီပွဲကို ဇွန် ၃၀ ရက်က ရန်ကုန်မြို့၊ ကန်တော်ကြီးဝန်းနှင့် ဗိုလ်တထောင်ကမ်းနားတွင် ကျင်းပခဲ့သည်။

 

ထိုပွဲကို အစီအစဉ် နှစ်ပိုင်းခွဲ ကျင်းပခဲ့ပြီး ပထမအစီအစဉ်တွင် ကန်တော်ကြီးဝန်းအတွင်း၌ ကားများစုစည်းပြီး Member များကို မိတ်ဆက်ပေးခြင်းနှင့် Partner Shop များကို မိတ်ဆက်ပေးခဲ့သည်။ ဒုတိယအစီအစဉ်တွင် MHIC Member ကားအစီး ၁၂၀ ကျော်မှ ဗိုလ်တထောင်ကမ်းနားသို့ စီတန်းမောင်းနှင်ပြီး သိန်း ၇၀ ကျော် တန်ဖိုးရှိသည့် ကံစမ်းမဲများကို မဲဖောက်ပေးခဲ့သည်။

 

“MHIC ကို မိသားစုပုံစံ ဖွဲ့စည်းထားပြီး Member ကားအစီး ၇၅၀ ရှိပါတယ်၊ Club Member ကတော့ တစ်သောင်း ကျော်ရှိပါတယ်၊ ဒီအဖွဲ့ကို Insight စီးတဲ့သူတွေ တွေ့ကြုံရတဲ့အခက်အခဲတွေနဲ့ Knowledge Sharing လုပ်ဖို့အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့ တာ ဖြစ်ပါတယ်”ဟု MHIC ၏ Admin ကိုစိုင်းက ပြောသည်။

 

Myanmar Honda Insight Club ကို ၂၀၁၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး လာမည့်ဒီဇင်ဘာလတွင် ၇ နှစ်ပြည့်မွေးနေ့အဖြစ် နေပြည် တော်တွင် Gathering ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

 

Source; Automobile Journal

Read times
Rate this item
(2 votes)